Tuesday, September 29, 2015

Integrated Urban and Infrastructure Planning အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 
နေပြည်တော် စက်တင်ဘာ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် စင်္ကာပူနိုင်ငံ Surbana Temsek Foundation Singapore Cooperation Enterprise (SCE) တို့ ပူးပေါင်း၍ Urban and Infrastructure Planning အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စု‌ဝေးခန်းမဆောင်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ စင်္ကာပူနိုင်ငံ Surbana Temsek Foundation Singapore Cooperation Enterprise (SCE) မှ Mr. Kong Wy Mun ဦးဆောင်သော ပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စာတမ်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် က အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် Singapore Cooperation Enterprise (SCE) မှ CEO Mr. Kong Wy Mun နှင့် Surbana မှ Mr.Djoko Prihanto တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။၎င်းနောက် အခမ်းအနားကို Workshop on Urban Planning ခေါင်းစဉ်ဖြင့် အစီအစဉ်အတိုင်း ဆက်လက် ကျင်းပရာ စာတမ်းရှင်များက မိမိတို့ခေါင်းစဉ်အလိုက် စာတမ်းများ ကို အသီးသီး ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများက သိလို သည်များ ပြန်လည်မေးမြန်း အကြံပြု ဆွေးနွေးကြသည် ။
ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ သည် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း နှင့် ဆက်စပ်သော အ‌ခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး ၊ Master Plan Inplementation နှင့် Water Resource Management တို့အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာန နှင့် စင်္ကာပူနိုင်ငံ Surbana Temsek Foundation Singapore Cooperation Enterprise (SCE) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment