Saturday, September 26, 2015

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံ




နေပြည်တော် စက်တင်ဘာ ၂၆
အကြိမ်(၇၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် စက်တင်ဘာ(၂၄) ရက် မွန်းလွဲပိုင်းက နယူးယောက်မြို့အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီနှင့် ယင်းအဖွဲ့အစည်း၏ ဌာနချုပ်၌ တွေ့ဆုံဆွေး နွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး၊
အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆိုင်ရာကိစ္စ၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအပါအဝင် ဥပဒေများပြဋ္ဌာန်းမှုကိစ္စ၊ မြန်မာနိုင်ငံ၏ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာ စသည့် ကိစ္စရပ်များနှင့်စပ် လျဉ်းသည့် မေးမြန်းချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား သွားရောက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် တွင် ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ကိစ္စ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကိစ္စ၊ ရွှေ့ပြောင်းသွားလာသူများကိစ္စ၊ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးမှု အစီအစဉ် အတည်ပြုရေးအတွက် ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးအား ထောက်ခံမှုပေးရေး စသည့်ကိစ္စရပ် များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment