Saturday, September 26, 2015

တပ်မတော်တွင်ရှိပြီးဖြစ်သည့် စည်းကမ်းများ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူက ယုံကြည်အားကိုးသည့် တပ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တန်ဖိုးရှိသည့် အမျိုးသားနိုင်ငံ ရေးတာဝန်ထမ်းဆောင်မှုဖြစ်စေလို




နေပြည်တော် စက်တင်ဘာ ၂၆
တပ်မတော်အစိုးရလက်ထက်တွင် တပ်မတော်အနေဖြင့် နိုင်ငံ့အရေးကိစ္စအားလုံးတွင် ပါဝင်ဆောင်ရွက် ခဲ့သော်လည်း ယနေ့နိုင်ငံရေးစနစ်တွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်နှင့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်း ဆောင်မှုအရ မိမိနှင့်သက်ဆိုင်သည့် အပိုင်းများတွင်သာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် တပ်မတော်တွင်ရှိပြီးဖြစ်သည့် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူက ယုံကြည်အားကိုးသည့် တပ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တန်ဖိုးရှိသည့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုဖြစ်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက် ၈ နာရီတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ပြောကြား ခဲ့သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်း သား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ဒီမိုကရေစီအရေး ကိစ္စရပ်များ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရန် လိုကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လုပ်ဆောင်နေသည့်ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ သည်လည်း ဥပဒေနှင့် အညီ တည်တည်ငြိမ်ငြိမ်ရှိနေရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် လည်းကောင်း၊ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ရာ တွင်လည်းကောင်း စည်းကမ်းတကျရှိစေရန် အရေးကြီးကြောင်း။
တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြောင်း၊ မိမိတို့ တပ်မတော်သားများအနေဖြင့် တိုင်းရင်းသား ပြည် သူများနှင့်ထိတွေ့ဆက်ဆံမှု၊ ပြောဆို လုပ်ကိုင်မှုများ အမှားအယွင်းမရှိစေရန်၊ တိုင်းရင်းသားများ၏ အကျိုးစီးပွားကိုလည်း အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ရန်လိုကြောင်း၊ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးမလွဲ မသွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူက ရွေးချယ်ပြီး တပ်မတော်မှ လမ်းခင်းပေးခဲ့သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန် သစ္စာရှိရှိတာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သား များအား ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာလ ၁ ရက်မှစ၍  လိုအပ်သလို ချီးမြှင့်မှုများ ပြုလုပ်သွား ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သား များအနေဖြင့် ဂုဏ်သိက္ခာရှိရှိဖြင့် ရှင်သန်ရပ်တည်လုပ်ဆောင် သွားကြစေလိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသစာအုပ်စာစောင် များကိုပေးအပ်သည်။
ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်တို့က စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မောင်မောင်အေးက အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ကြီး တပ်နယ်ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကြသည်။ တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ကျောက်တစ် လုံးကြီးမြို့များ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ် မျက်စိခွဲစိတ် ကုသရန် လိုအပ်သဖြင့်  တပ်မတော်ဆေးရုံတွင် တက်ရောက်ခွဲစိတ်ကုသမှုခံယူခဲ့သော ဒေသခံတိုင်းရင်း သားပြည်သူ များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကာ မျက်မှန်များတပ်ဆင်ပေးပြီး ထောက် ပံ့ပစ္စည်းများ ပေးအပ်ကြ  သည်။
တောင်ကြီးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် မျက်စိခွဲစိတ်ကုသရန် လိုအပ်သော ဒေသခံတိုင်းရင်းသား ပြည်သူများကို ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့အထိ လူနာ ၄၀ ကို ခွဲစိတ်ကုသပေးပြီးဖြစ်ကြောင်းနှင့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များမှ မျက်စိ ခွဲစိတ်ကုသရန်လိုအပ်၍ ဆေးရုံသို့လွှဲပြောင်း ပေးလာသည့် ဒေသခံတိုင်းရင်းသားများ ကိုလည်း ဆက်လက်ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီး မြို့မှ ဟိုပုံးမြို့၊ ထမ်းဆန်းကျေးရွာရှိ မေတ္တာ ခမ်းတန်ဓမ္မဗိမာန်သို့ ရောက်ရှိကြပြီး ဟိုပုံး ကိုရင်လေး ရှင်ပေါရိဿထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် ဓမ္မဗိမာန်အတွင်းရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး မိသားစုမှ လှူဒါန်းထားသော နှီးဘုရားကြီး အားရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဖူးမြော်ကြည်ညိုကာ နောင်ခါးကျောင်းဆရာတော် ဦးဝိလာသဂ္ဂထံမှ ရေစက်ချတရား နာယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထမ်းဆန်း ရွှေတိဂုံ စေတီတော်အား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် ကျောက်တစ်လုံးကြီးမြို့သို့ရောက်ရှိကြရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျောက်တစ်လုံး ကြီးမြို့ရှိ ပထမနိမ္မိတသပိတ်မြတ် စေတီသို့ရောက်ရှိ၍ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ အလှူငွေများ ပေးအပ် လှူဒါန်းသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးနှင့်နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးပြောကြားကြသည်။
စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဂုဏ်ပြုညစာစား ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိ သည်။
 (မြ၀တီ)

No comments:

Post a Comment