ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ မီနိုရူ
ကီယုချီ နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုဟဲ ဆာဆာကာဝါ ဦးဆောင်သော ဂျပန် ကိုယ်စားလှယ်အဖွဲ့အား
ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌
လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးဆောင်ရွက်နေ မှု အခြေအနေများ၊ တိုင်းရင်းသား
စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး
ဆိုင်ရာကိစ္စရပ်များ၊ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးရေး ဆိုင်ရာ
ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍
ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး၊
ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ ပြည်ထောင်စုလွှတ်တော်ရုံးနှင့်
ပြည်သူ့ လွှတ်တော် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment