Tuesday, September 22, 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ရောက်ရှိ


နေပြည်တော် - စက်တင်ဘာ-၂၂
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် Admiral Sun Jiangou ၏ ဖိတ်ကြား ချက် အရ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ စက်တင်ဘာလ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ ပေကျင်း အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ ကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဦးဆောင်သော အဖွဲ့အား တရုတ်ပြည် သူ့ သမ္မတနိုင်ငံ FAO, MND အကြီးအကဲ Rear Admiral Guan Youfei နှင့်တာဝန်ရှိ သူများ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးကြီး မြင့်သိန်းနှင့် တာဝန်ရှိသူ တို့က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အား တရုတ်ပြည် သူ့လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် Admiral Sun Jiangou က ဂုဏ်ပြု တပ်ဖွဲ့ဖြင့်ကြိုဆို သည့် အခမ်းအနား ကို ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် စစ်ရုံး ချုပ် ၊ Ba Yi ခန်းမဆောင်ရှေ့ စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး တရုတ်ပြည် သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး သည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီး ချုပ်တို့သည် အစည်းအဝေးခန်းမ၌ ဒေသတွင်း ဆိုင်ရာ အခြေအနေ များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ် ဆက်ဆံရေးနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေ အနေ များနှင့် နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအခြေအနေ များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေး ခဲ့ကြ သည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံတို့ တက်ရောက်ကြပြီး တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နှင့်အတူ တရုတ်ပြည် သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ နိုင်ငံတော် ကောင်စီ ဝင်၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan နှင့် ဒေသ စံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုအခြေအနေ၊ အနာဂတ် ပူးပေါင်းဆောင်ရွက် နိုင်မည့်အလားအလာများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသနေပြည်သူများ အေးချမ်းစွာ ကူးလူး ဆက်ဆံနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဒုတိယစစ်ဦးစီးချုပ် Admiral Sun Jiangou တို့သည် အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ၌ သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့မှုအတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းခဲ့သည့် တရုတ်ယွမ်ငွေ ၁၀ သန်းနှင့်ပတ်သက်၍ သဘောတူ စာချုပ်ကို အပြန်အလှန် လက်မှတ်ရေး ထိုးကြပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန် ပေးအပ်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော အဖွဲ့ သည် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ပေကျင်းမြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDU)သို့ သွားရောက်လေ့လာရာ ကျောင်း အုပ်ကြီး ဗိုလ်ချုပ်ကြီး Zhang Shibo နှင့်တာဝန်ရှိတို့က ကြိုဆိုနှုတ် ဆက်ကြပြီး ဒုတိယဗိုလ်မှူးကြီး Liu Ming က ရှင်းလင်းတင်ပြပြီး စာသင် ခန်းဆောင်၊ စာကြည့်တိုက်နှင့် ကျောင်းသမိုင်းပြတိုက်တို့အား ကြည့်ရှု လေ့လာကြ သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညနေပိုင်းတွင် မြန်မာ စစ်သံရုံး သို့ သွားရောက်ပြီး မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံး မိသားစု များအား တွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)

No comments:

Post a Comment