Monday, September 28, 2015

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အသက်အန္တရာယ် အကဲဖြတ်ခြင်းကိစ္စဆွေးနွေး



 
နေပြည်တော် စက်တင်ဘာ၂၈
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေ အဖွဲ့ (IMF) ၏ ဌာနေကိုယ်စားလှယ် Mr. Yasuhisa Ojima ဦးဆောင်သောIMF ဥပဒေပညာရှင် များနှင့်အဖွဲ့အားယနေ့နံနက်(၁၀)နာရီ အချိန်တွင် နေပြည်တော်၊ရုံးအမှတ်(၁၀)၊ ပြည်ထဲရေး ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်  ခြင်း (National Money Loundering and Terrorist Financing Risk Assessment –NRA)လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။






No comments:

Post a Comment