နေပြည်တော် စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်း၊ ဦးလှထွန်း၊ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာသန်းအောင်၊
ဦးကျော်လွင်၊ ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ချင်းပြည်နယ်
ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှဗိုလ်ချုပ်ထွန်းထွန်းနောင်၊
အနောက်မြောက် တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းလှိုင်၊ ဒုတိယ၀န်ကြီးများ၊
တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈နာရီတွင် ရဟတ်ယာဉ်များဖြင့်
ချင်းပြည်နယ် တီးတိန်မြို့သို့ရောက်ရှိရာ ပြည်နယ်ဘဏ္ဍာရေး ၀န်ကြီး ဦးနန်ဇမုန်းနှင့်
ဒေသခံပြည်သူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
အဖွဲ့ဝင်များနှင့်အတူ တီးတိန်မြို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ထွမ်းဝှမ်းရိပ် သာ၌
ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများတွေ့ဆုံသည်။
ထိုသိုတွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ မိမိအနေဖြင့် ကလေးမြို့နယ်မြေခံတပ်ရင်းတွင်
တာဝန်ထမ်း ဆောင်စဉ်ကပင် ချင်းပြည်နယ်သို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ကြောင်း၊ ချင်းပြည်နယ်တွင်သဘာဝ
ဘေးကျရောက်ချိန်၌ မိမိလာရောက်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် နှစ်ကြိမ်တိုင်တိုင်
ခရီးစဉ်ကို ဖျက်ခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုင်းဒေသကြီးလေးခုနှင့်
ပြည်နယ်နှစ်ခုတို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်
ရေဘေးသင့်ပြည်သူများ ကယ်ဆယ် ရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြောင်း၊
မြန်မာနိုင်ငံသား အားလုံး ကလည်း လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ ဘေးဒုက္ခခံစားနေရသူများကို
ဝိုင်းဝန်းကူညီစောင့်ရှောက်ခဲ့ကြ ကြောင်း။
ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
စတင်ဆောင်ရွက်နေပြီဖြစ် သည့်အတွက် မူလအနေအထား သို့ပြန်လည်ရောက်ရှိအောင်၊ ၎င်းမှ တစ်ဆင့်မူလထက်
ပိုမိုကောင်းမွန်သောအနေအထားသို့ ပြန်လည် ရောက် ရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊
ချင်းပြည်နယ်အပါအ၀င် ရေဘေးသင့်ဒေသများ တွင် ပျက်စီးသွား သည့် နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊
နေရာရွှေ့ပြောင်း တည် ဆောက်ရန် လိုအပ်သည့်နေအိမ်များကိုလည်း မြို့ပြအင်္ဂါရပ်နှင့်အညီ
စနစ်တကျ ပြန်လည်တည်ဆောက်ပေး မည်ဖြစ်ကြောင်း။
တီးတိန်မြို့ပတ်ဝန်းကျင်ကျေးရွာများမှာ
ပျက်စီးသွားသော နေအိမ်များကို တီးတိန် မြို့တွင်နေထိုင်လိုပါက ပြန်လည်နေရာချထားပေး
မည်ဖြစ်ကြောင်း၊မိမိတို့ ဒေသတွင် ဆက်လက်နေထိုင်လိုပါကလည်း ကူညီပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်
ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်လည်း
လွတ်လပ်ပြီးတရားမျှတ သည့်ရွေးကောက် ပွဲဖြစ် အောင် အစွမ်းကုန် ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း။
ဒေသခံပြည်သူများကလည်း ရွေးကောက်ပွဲကာလတွင် တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိအောင်
ကူုညီဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွေးကောက် ပွဲနေ့တွင်လည်း နိုင်ငံ့အကျိုး၊ဒေသအကျိုးကို
အကောင်အထည် ဖော်နိုင် မည့်ကိုယ် စားလှယ်များကို ပါတီစွဲဒေသစွဲမထားဘဲ ရွေးချယ်တာဝန်
ပေးရန်လို အပ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တီးတိန်မြို့၏
ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား မော်တော်ယာဉ်ဖြင့်
လှည့်လည်ကြည့် ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
အဖွဲ့ဝင်များနှင့်အတူ တီးတိန်မြို့ ကယ်ဆယ်ရေးစခန်း အမှတ်(၂)သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးစခန်း၌
ယာယီအမိုးတဲများ စီစဉ်ဆောင်ရွက်ပေးထားမှုနှင့် ကယ်ဆယ်ရေးစခန်း အခြေအနေများကို ကြည့်ရှုစစ်ဆေး၍၎င်းတွင်
နေထိုင်လျက်ရှိသည့် သဘာဝဘေးဒဏ်သင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက
ကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိသည့် သဘာဝဘေးဒဏ် သင့်ပြည်သူများ အတွက်ဆန်၊ ဆီ၊ အ၀တ်အထည်၊
စောင်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
ချင်းပြည်နယ် တီးတိန်မြို့တွင်
မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့် အဆိုပါကျေးရွာများမှ
သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း (၂)ခု ဖွင့်လှစ်ထားရှိရာအမှတ်(၁) ကယ်ဆယ်ရေး
စခန်းကို စကောလမ်း နှစ်ချင်းဘုရားရှိခိုးကျောင်းတွင် ကဂင်ကျေးရွာမှ အိမ်ထောင်စု (၄၁)စုနှင့်
လူဦးရေ (၁၉၈)ဦးကိုလည်းကောင်း၊ အမှတ်(၂)ကယ်ဆယ်ရေးစခန်းကို ကမ်းဟောက် ဘောလုံးကွင်းတွင်
ဝေါင်မွာလ် ကျေးရွာနှင့် ထင်ဇန်ကျေးရွာများမှ အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၂၈၈)ဦးကို
လည်းကောင်း ပြောင်းရွှေ့ထားရှိပြီး ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည်
အဖွဲ့ဝင်များနှင့်အတူ တီးတိန်မြို့မှရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ ကလေးမြို့ ရာဇဂြိုဟ်ရေလှောင်တမံ
သို့ရောက်ရှိပြီး တမံကြံ့ခိုင်မှု အခြေအနေ၊ တမံအတွင်းရေ၀င်ရောက်မှုနှင့် ရေပိုလွှဲမှရေ
ကျော်ကျမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည်
လုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်နိုင်က ဇူလိုင်လလယ်ခန့်မှစ၍
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုမန် ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့်မိုး သည်းထန်စွာ
ရွာသွန်းပြီး ထူးကဲစွာ မိုးရေချိန်စံချိန်သစ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရာဇဂြိုဟ်ရေလှောင်တမံအတွင်း
ရေ၀င်ရောက်ခဲ့မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေ၊ ရေလှောင်တမံအတွင်း သစ်တုံးများ
မျောပါဝင်ရောက်ခဲ့မှုနှင့် ဆယ်ယူခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သ မ္မတက
ဆည်ကြံ့ခိုင်ထိန်းသိမ်းမှုလုပ်ငန်းများ
မျက်ခြည်မပြတ်ဆောင်ရွက် ရန်နှင့် ရေဝေရေလဲ ဒေသများ တွင် ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊
တရားမ၀င် သစ်ထုတ်လုပ်ခြင်းများကြောင့် သစ်တောများပြုန်းတီးမှုမဖြစ်အောင် ကာကွယ်တာဆီးရန်
လိုအပ်ပါကြောင်း၊ ယခုရေကြီးရေလျံမှုကြောင့် နှုန်းဖုံးသွားသော လယ်မြေများတွင် စပါးစိုက်ပျိုးရန်
အချိန်မမီတော့သည့် အတွက် အောက်တိုဘာလကုန် ခန့်တွင် ပြန်လည်ထွန်ယက်ပြီးဆောင်းသီးနှံများဖြစ်သည့်
နေကြာနှင့် ပဲအမျိုးမျိုးကို စိုက်ပျိုးရန် လိုအပ်ပါကြောင်း။
ထိုကဲ့သို့ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက်
လိုအပ်သောမျိုးနှင့် ထွန်စက်များကို ဖြည့်ဆည်းပေးသွား မည်ဖြစ်ပါကြောင်း၊ တောင်ပေါ်ဒေသ တွင်ဖြစ်ပေါ်နေသည့်
သဘာဝတောင်ပြိုရေကန်နေရာများကို ကွင်းဆင်းစစ် ဆေးပြီးပါက အန္တရာယ်မဖြစ်စေဘဲ ရေလမ်းကြောင်းပြန်ဖွင့်နိုင်မည့်
နည်းလမ်းများကို တင်ပြဆောင် ရွက်ရန်အပ်ပါကြောင်း၊ ထိုကန်များကြောင့် အန္တရာယ်ဖြစ်နိုင်သည့်ကျေးရွာများရှိပါက
ကြိုတင်သတိပေးထား ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များသည်ရဟတ်ယာဉ်များဖြင့် ကလေးမြို့ သို့ရောက်ရှိပြီး အထူး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ
မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ပြန်လည် ရောက်ရှိကြသည်။
No comments:
Post a Comment