Tuesday, September 1, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥဇဘက်ကစ္စတန် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာများပေးပို့

နေပြည်တော် စက်တင်ဘာ ၁

၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင်ကျရောက်သော ဥဇဘက် ကစ္စတန် သမ္မတနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှ ဥဇဘက် ကစ္စတန်သမ္မတနိုင်ငံသမ္မတ မစ္စတာ အစ္စလမ် ကာရီမော့ဗ် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။ 

အလားတူ စက်တင်ဘာ ၁ ရက်တွင် ကျရောက်သော ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ၏ လွတ်လပ်ရေး နေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဥဇဘက် ကစ္စတန် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှက်ဗ်ကတ် မီယဇီယို ယက်ဗ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment