ကန့်ဘလူ
ဩဂုတ် ၎
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင် ၁၆ ရက်မှစတင်ကာ
၁ဝ ရက် တိုင်တိုင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ရာ
ကောလင်း-ကန့်ဘလူလမ်းပိုင်း၊ ကန်ကြီးနှင့်ဇော်ချောင်းကြား သံတံတား ရေတိုက်စားမှုကြောင့်
မြန်မာ့မီးရထားပြေးဆွဲမှု ယာယီရပ်ဆိုင်းခဲ့သည်။
ကောလင်း-ကန့်ဘလူလမ်းပိုင်းတွင် မြန်မာ့မီးရထား
ပြန်လည်မပြေးဆွဲမီ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန် ဇူလိုင်
၂၉ ရက်မှစတင်၍ ကောလင်း- မြစ်ကြီးနား မီးရထားလမ်းပိုင်းများ အစုန်၊ အဆန် ပြေးဆွဲခဲ့သော်လည်း
ကောလင်း- ကန့်ဘလူ လမ်းပိုင်းပြတ်တောက်ခဲ့ သဖြင့် နိုင်ငံတော်အစီအစဉ်ဖြင့် ကုန်းလမ်း
သယ်ယူပို့ဆောင်ရေး RTC မော်တော်ယာဉ်ငါးစီးဖြင့် ခရီးသည်တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်းကောက်ခံ
ကာ နေ့စဉ်အသွားအပြန် ပြေးဆွဲပေးလျက်ရှိသည်။
မြန်မာ့မီးရထား အစုန်၊ အဆန်ကို ကန့်ဘလူဘူတာတွင်
ဆောင်ရွက်ထားရာ မန္တလေးမှ နံနက် ၅ နာရီခွဲထွက်ခွာသော (၄၁) အထူးအဆန်ရထားသည် ကန့်ဘလူဘူတာသို့
မွန်းလွဲ ၂ နာရီတွင်ရောက်ရှိပြီး ကန့်ဘလူဘူတာမှ RTC မော်တော်ယာဉ်ငါးစီးဖြင့် ကန့်ဘလူ-မဟာဗျူဟာလမ်း-ကျောက်တန်း-ကောလင်း
ခရီးစဉ်အတိုင်း ခြောက်နာရီကြာ မောင်းနှင်ပြီး ကောလင်းသို့ ည ၁ဝ နာရီတွင် ရောက်သည်။
ရေဘေးကယ်ဆယ်ရေးမော်တော်ယာဉ်ဝန်ထမ်းများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်
များနှင့် ဆက်သွယ်ရေး(စာတိုက်)မှ ဝန်ထမ်းများက ကောလင်းမှ ကန့်ဘလူသို့ ပို့ဆောင်ရာတွင်
စေတနာထား၍ ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာ့ မီးရထား(ကန့်ဘလူ)ကလည်း ကောလင်းမှလာရောက်သော
မော်တော်ယာဉ် လိုင်းများပြည့်စုံမှသာ ကန့်ဘလူမှ ထွက်ခွာပေးနေကြောင်း သိရသည်။
ကိုကိုညိမ်း (ကောလင်း)
No comments:
Post a Comment