Saturday, August 8, 2015

ရေဘေးသင့်ဒေသများသို့ အစားအသောက်၊ ဆေးဝါး၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ လေကြောင်းဖြင့်ပို့ဆောင်

နေပြည်တော် ဩဂုတ် ၈

မြန်မာနိုင်ငံတစ်ဝန်းတွင် ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု စသည့် သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့မှုအပေါ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်စီမံမှုဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ ယနေ့တွင် လေယာဉ်(၁၅)ခေါက်ဖြင့် ပို့ဆောင် ပေးခဲ့သည်။


ထိုသို့ပို့ဆောင်ရာတွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ စစ်တွေ လေဆိပ်သို့ ရွှေမြန်မာလေကြောင်းလိုင်း၊ အဲမန္တလေးလေကြောင်း၊ မြန်မာအမျိုးသား လေကြောင်းတို့ဖြင့် (၆)ခေါက်၊ ကလေးလေဆိပ်သို့ တပ်မတော်လေကြောင်း၊ မြန်မာ အမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း၊ ရွှေမြန်မာလေကြောင်းတို့ဖြင့် (၉)ခေါက် စုစုပေါင်း(၁၅)ခေါက် ပို့ဆောင်ပေးခဲ့ကြောင်း  ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။   


(သတင်းစဉ်)

No comments:

Post a Comment