Wednesday, August 5, 2015

ရေဘေးသင့်ပြည်သူများ အတွက် သြဘာကုမ္မဏီမှ ရေသန့်စင်ဆေးပြားများ လှူဒါန်း




ကောလင်း သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေကြီးနစ်မြုပ်ခဲ့သောကြောင့် ကျေး ရွာများ နှင့် လမ်း၊ တံတားများ ရေနစ်မြုပ် ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များလာရောက်၍ ရေဘေးသင့် ပြည်သူ များအား ကျေးရွာများထိ သွားရောက်ပြီး လှူဒါန်းကြပါသည်။

သြဘာစိုက်ပျိုးရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီမှ သြဂုတ် ၅ရက်နေ့ နံနက် ၁၀နာရီတွင် ကောလင်းမြို့နယ် နတ်ကြီးခုန် အုပ်စု နှောခုန်ကျေးရွာ၊ နတ်ကြီးခုန်ကျေး ရွာနှင့်မရိုးခုန် ကျေးရွာများသို့ သွားရောက်၍ အကွာတက် ရေသန့်ဆေးပြား တစ်ပြားလျှင် ရေ(၁၀) လီတာ သန့်စင်နိုင်သော ဆေးပြားများကို တစ်အိမ်ထောင်လျှင် (၂၀)ပြား နှုန်းဖြင့် အိမ်ထောင်စု ပေါင်း (၂၇၀) အတွက် ရေသန့်စင်ဆေးပြားပေါင်း (၅၄၄၀)တန်ဘိုးငွေ (၁၁)သိန်းခန့် ကို နတ်ကြီးခုန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေလုံးနှင့် ရပ်မိရပ်ဖများသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment