Wednesday, August 5, 2015

ချောက်မြို့နယ် ရေဝင်ရပ်ကွက် ပြည်သူများအတွက် အကူအညီများ ပေးအပ်ဆောင်ရွက်လျှက်ရှိ



ချောက်  သြဂုတ်  ၅     

ချောက်မြို့နယ်၊ ရေဝင်ရပ်ကွက်များ ဖြစ်သော အမှတ်(၂)(၃)(၇) ရှိ ပြည်သူများအား ယနေ့နံနက် ၁၀း၀၀နာရီ အချိန်မှစ၍ တပ်နယ်မှူးရုံး(ကျောက်ပန်းတောင်း) တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းဝင်း၊ ခလရ (၁၃) မှ တပ်ရင်းမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများသည် ရေဝင် ပြည်သူများ၏ အခြေအနေများအား လိုက်လံကြည့်ရှု ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ မြို့နယ်အတွင်း ရေဝင်ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာဇင်မာမြင့်၊ ဒေါက်တာ တိုးတိုးမေနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးကုသပေးလျှက် ရှိကြောင်း၊ မြို့နယ်ပြန်/ဆက်ဌာနမှလည်း ရေဝင်ရပ်ကွက်နေပြည်သူများထံ သွားရောက်၍ အသိပညာပေး လုပ်ငန်းများဖြစ်သော သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခြင်း များကို ပြုလုပ်ပေးလျှက်ရှိကြောင်းသတင်းရရှိသည်။


မြို့နယ်ပြန်/ဆက် (ချောက်)

No comments:

Post a Comment