ညောင်တုန်း မေ ၅
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ယခုရက်များအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့်
ညောင်တုန်းမြို့၏ စိုးရိမ်ရေမှတ် (၂၂.၅)နှင့် အန္တရာယ်ရေမှတ် (၂၄.၅)အထက်သို့ ကျော်လွန်ရောက်ရှိလာကာ
သြဂုတ်လ (၅)ရက်နေ့နံနက် (၁၁)နာရီအချိန် တိုင်းတာချက်အရ (၂၅.၆)သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း
သိရသည်။
အဆိုပါ အခြေအနေများအရ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ် တားဆီးရေးနှင့် ကွပ်ကဲရေးအဖွဲ့မှ
လိမ္မာရောင်အဆင့် အန္တရာယ်ရှိ အခြေနေအဖြစ်သို့ သတ်မှတ်လိုက်ရသည်။ မြို့ပေါ်ရပ်ကွက် (၁၀)ခုမှ
ပြည်သူများအား ရေဘေးလွတ် စခန်းများသတ်မှတ်၍ အမှတ်(၁)ရပ်ကွက်နေ ပြည်သူများအား ရွှေတောင်တန်း
ဓမ္မာရုံသို့လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအားအတုလမာရဇိန် ကြေးသွန်းဘုရားကြီး
ဝန်းအတွင်းသို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်နေ ပြည်သူများအား ပုလောစာသင်တိုက်သို့ လည်းကောင်း၊
ပြည်သူ့ဆေးရုံရှိ နာမကျန်း လူနာများအား အထက(၂)ကျောင်းသို့ လည်းကောင်း၊ အမှတ်(၄)ရပ်ကွက်
နေသူများအား အထက(ခွဲ) မြို့မကျောင်းသို့ လည်းကောင်း၊ အမှတ်(၅)ရပ်ကွက် နေသူများအား ဝေဠုဝန်သာသနာ့ဗိမာန်သို့
လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်နေ ပြည်သူများအား မန္တလေးကျောင်းတိုက်သို့ လည်းကောင်း၊ အမှတ်(၇)ရပ်ကွက်
နေပြည်သူများအား ရွှေဟင်္သာ တောရကျောင်းတိုက်သို့ လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်နေ ပြည်သူများအား
အထက(၁) အပေါ်ထပ်သို့လည်းကောင်း၊ အမှတ်(၉)ရပ်ကွက်နေ သူများအား နိဂြောဓာရုံ ကျောင်းတိုက်နှင့်
ပေါက်အင်း ကျောင်းတိုက်သို့ လည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်နေ သူများအား သဲအင်းဂူဝိပသာနာ
ကျောင်းတိုက်သို့လည်းကောင်း အသီးသီး ပြောင်းရွေ့နေထိုင်နိုင်ရန် စီမံပေးထားပြီး အရေးကြီးအန္တရာယ်ရှိ
နေရာဖြစ်သည့် (၁၂)လမ်းကမ်းနားသို့ ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု
ကော်မတီများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
အရန်မီးတပ်တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့အစည်း အသင်းအဖွဲ့များနှင့်
ပြည်သူလူထုများမှ နေ့ညမပျက် စောင့်ကြပ်ကြည့်ရူ့ အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိရာသို့
သြဂုတ်လ (၅)ရက် နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့်
တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရူ့၍
အလှူငွေသိန်းတစ်ရာကျပ် ပေးအပ်လှူဒါန်းကာ လိုအပ်သည်များ စီမံမှာကြားခဲ့ကြောင်း သိရသည်။
(ညောင်တုန်း ပြန်/ဆက်)



No comments:
Post a Comment