Tuesday, August 11, 2015

ဥယျာဉ်ကျစ် ကုန်းဇောင်း သံကိုင်းလမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်



ပွင့်ဖြူ     သြဂုတ်   ၁၀

မင်းဘူးခရိုင် ပွင့်ဖြူမြို့ နယ်တွင် ကျေးရွာချင်းဆက်လမ်းဖြစ်သည့် ဥယျာဉ်ကျစ် ကုန်းဇောင်း သံကိုင်းလမ်းသည် ရေတိုက်စားသောကြောင့် လမ်းများအချို့ တစ်ဝက် ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသော လမ်း၏ မိုင်တိုင်အမှတ်၎/၁မှ၆/၀ထိ ဒေသခံပြည်သူများ သွားလာရလွယ်ကူစေရေးအတွက် လမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ၀န်ထမ်းများက အမြန်ဆုံးအသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းများဆောင်ရွက်မှုအပေါ် အရည်အသွေးပြည့်မီစေရန်နှင့် ကောင်းမွန်စေရန်အတွက် မကွေးတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်၊ မြို့နယ် လမ်းဦးစီး အရာရှိ ဦးခင်မောင်ဌေးနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမြတ်ဆွေတို့က ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

No comments:

Post a Comment