နေပြည်တော် သြဂုတ် ၁၁
ဧရာဝတီတိုင်း
ဒေသကြီး အတွင်းရှိ ဟင်္သာတ မြို့နယ်နှင့် ဇလွန်မြို့နယ်တို့၏ ဧရာဝတီမြစ်ရေ စိုးရိမ် ရေမှတ်နှင့်
ငါးသိုင်းချောင်း မြို့နယ်၏ ငဝန်မြစ်စိုးရိမ် ရေမှတ်သည် ဇူလိုင်လကုန်ခန့်မှ စ၍
နေ့စဉ် ကျော်လွန် မြင့်တက်ခဲ့ရာမှ သြဂုတ် ၈ ရက်မှစ၍
နေ့စဉ် လျော့နည်းကျဆင်းလျက် ရှိသော်လည်း
မြို့အလိုက် သတ်မှတ် စိုးရိမ်ရေအမှတ် အထက်တွင် ရှိနေသေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရှိရသည်။
(သတင်းစဉ်)



No comments:
Post a Comment