နေပြည်တော်၊ သြဂုတ် ၁၁
ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသည် သဘာဝဘေးအန္တရယ် ကြုံတွေ့နေရသော
ရေဘေးသင့် ပြည်သူများကို ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် ၀န်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်
ရှိသည့် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များအား စုစည်းဆောင်ရွက်လျက်ရှိရာ
သြဂုတ်လ (၁၁) ရက်နေ့က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းက မြန်မာနိုင်ငံခရီး
သွားလုပ်ငန်း အဖွဲ့ဝင်အသင်းများနှင့် ပြည်တွင်းပြည်ပဟိုတယ်များမှ လှူဒါန်းငွေကျပ်
(၁၃၇၀) သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၀၄၅၀၀) ကို ပေးအပ်လှူဒါန်းရာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က လက်ခံရယူသည်။
အဆိုပါလှူဒါန်းငွေများကို ရေဘေးသင့်ဒေသများဖြစ်သော ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ
ကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်များသို့ သက်ဆိုင်ရာမြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ
အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွန်ကြားရေးမှူးချုပ်များ လိုက်ပါသွားရောက်၍ ဆက်လက်လှူဒါန်းလျက်ရှိသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်အဖွဲ့ဝင်အသင်းများမှ သက်ဆိုင်ရာရေဘေးသင့်ဒေသများ
သို့ ကျပ်သိန်း (၂၀၀၀) ခန့်ရှိ ငွေကြေးနှင့်ပစ္စည်းများကိုလည်း ကြိုတင်သွားရောက်လှူဒါန်းခဲ့ပြီး
ဖြစ် ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment