Tuesday, August 11, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဘေးသင့်ပြည်သူများသို့ ထောက်ပံ့လှူဒါန်းမည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုစစ်ဆေး







နေပြည်တော် သြဂုတ်  ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဒေါက်တာကံဇော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ တောင်သူပညာပေး ဧက(၅၀၀) စံပြစိုက်ခင်းသိုလှောင်ရုံများ၌ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် 4TV နွေးထွေးသော ကမ်းလက်များ အစီအစဉ်တို့မှ ထောက်ပံ့လှူဒါန်းမည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ စုစည်း ထားရှိမှုအား ကြည့်ရှု စစ်ဆေးသည်။


အဆိုပါ ပေးပို့လှူဒါန်းသွားမည့် ပစ္စည်းများမှာ ပြည်ထောင်စုအစိုးရအဖွဲ့မှ  အိမ်သုံး ပစ္စည်း(၃၆)မျိုးပါ ပလတ်စတစ်ပုံးကြီး (၅၀၀၀)၊ 4TV နွေးထွေးသောကမ်းလက်များ အစီအစဉ် မှ အိမ်သုံးပစ္စည်း (၃၃) မျိုးပါ ပလတ်စတစ်ပုံးကြီး(၁၀၀၀)၊ အိမ်သုံးပစ္စည်း (၁၉) မျိုးပါ ပလတ်စတစ်ပုံးအသေး (၁၀၀၀)နှင့် တစ်လီတာဝင် ရေသန့်ဘူး (၆)ဘူးပါကတ် (၄၀၀)တို့ဖြစ်ရာ ၎င်းပစ္စည်းများကို ချင်းပြည်နယ် ဟားခါးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး  ကလေးမြို့နှင့် တမူးမြို့၊  ဧရာဝတီတိုင်းဒေသကြီး  အင်္ဂပူမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြောက်ဦးမြို့ များရှိရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်ပို့ဆောင်ထောက်ပံ့ လှူဒါန်းပေး သွားမည်ဖြစ်ပြီး ကျန်ရေဘေးသင့်ဒေသများသို့လည်း စဉ်ဆက်မပြတ် ပေးပို့ထောက်ပံ့သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment