နေပြည်တော် သြဂုတ် ၁၁
မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်ချက်(Sovereign rating) သတ်မှတ်နိုင်ရန်အတွက်
ဖွဲ့စည်းထားသည့်လုပ်ငန်းအဖွဲ့နှင့် ငွေကြေးဆိုင်ရာ အဆင့် သတ်မှတ်ချက် လုပ်ငန်းစဉ်အတွက်
ပူးတွဲအကြံ ပေးမည့် အင်္ဂလန်နိုင်ငံအခြေစိုက် Standard Chartered Bank၊ အမေရိကန် နိုင်ငံ
အခြေစိုက် Citi Bank တို့အကြား လုပ်ပိုင်ခွင့်စာလွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို
ယနေ့ညနေ ၅နာရီခွဲတွင် နေပြည်တော်ရှိ
Hilton Hotel၊ Grand Ball Room ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယ၀န်ကြီး
ဒေါက်တာမောင်မောင်သိမ်း၊ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌများ၊ Thailand and Greater Mekong,
Standard Chartered Bank ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် မစ္စ လင်းကော့ခ်၊ Thailand၊
Myanmar၊ Laos and Cambodia, Citi Bank ဌာနေကိုယ်စားလှယ် မစ္စတာ ဒယ်ရမ် ဘာကလီနှင့် တာဝန်ရှိသူများ
တက်ရောက်ကြ သည်။
ရှေးဦးစွာ ဒုတိယသမ္မတ က ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်ချက် ရရှိရေး အဓိကရည်ရွယ်ချက်မှာ
မိမိတို့နိုင်ငံ၏ လက်ရှိရောက်ရှိနေသည့် အဆင့်နေရာကို သိရှိပြီး အားနည်းချက်များရှိနေ
သည့် နယ်ပယ်များကို မဟာဗျူဟာကျကျပြုပြင်ခြင်းဖြင့် ကောင်းမွန်စွာ အစပျိုးနိုင်ရန် ဖြစ်ပါကြောင်း၊ ဤနယ်ပယ်များကို ရှာဖွေသတ်မှတ်ပြီး တိုးတက်မှုများကို
ဆောင်ကြဉ်းပေးနိုင်ရန် ကမ္ဘာ့အထင်ကရဘဏ်ကြီး(၂)ခုမှ ပူးတွဲ ကူညီပေးသွားမည်ဖြစ်၍ အားရကျေနပ်မိပါကြောင်း၊
သိသာထင်ရှား သည့်ရလဒ် များရရှိရန် မိမိတို့အပိုင်းမှ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စမှန်သမျှကိုလည်း
ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Thailand and Greater Mekong, Standard Chartered Bank ဥက္ကဋ္ဌနှင့် အမှုဆောင်
အရာရှိချုပ် မစ္စ လင်းကော့ခ်၊ Thailand၊ Myanmar၊ Laos and Cambodia, Citi Bank ဌာနေကိုယ်စားလှယ်
မစ္စတာ ဒယ်ရမ် ဘာကလီတို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ မစ္စ လင်းကော့ခ်နှင့် မစ္စတာ ဒယ်ရမ် ဘာကလီ
တို့က မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာအဆင့်သတ်မှတ်ချက် လုပ်ပိုင်ခွင့်စာလွှာ၌ လက်မှတ်ရေးထိုးကြသည်။
ထိုသို့ မြန်မာနိုင်ငံအတွက် ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ် နိုင်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်၌
ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာနိုင်ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများ၏
ယုံကြည်မှု ပိုမိုရရှိလာ နိုင်ကြောင်း၊ နောင်တစ်ချိန်တွင် အဆင့် တိုးတက်လာသည်နှင့် အတိုးနှုန်းသက်သာသည့်
နိုင်ငံတကာ ချေးငွေများ လွယ်ကူစွာ ရရှိနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအရင်းအနှီးဈေးကွက်မှတစ်ဆင့်
နိုင်ငံတကာ ချေးငွေသက်သေခံ လက်မှတ်များရောင်းချပြီး အရင်းအနှီးများရယူနိုင်မည့် အခွင့်အလမ်းများ
ရရှိလာနိုင်ကြောင်း၊ ယခုအချိန်တွင် နိုင်ငံတကာ ချေးငွေသက်သေခံ လက်မှတ်များရောင်းချရန်
စီစဉ်ထားခြင်း မရှိသေးသော်လည်း နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုကိုရရှိရန်နှင့်
နိုင်ငံတကာဈေးကွက်၌ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာစေရန် အဓိကရည်ရွယ်ကြောင်း၊
လက်မှတ်ရေးထိုးခဲ့သည့် လုပ်ပိုင်ခွင့်စာလွှာအရ အဆိုပါဘဏ်နှစ်ခု အနေဖြင့် မြန်မာနိုင်ငံ
ငွေကြေးဆိုင်ရာအဆင့် သတ်မှတ်ရန် လိုအပ်သောပြင်ဆင်မှုများပြုလုပ်ရာတွင် အကြံဉာဏ်များပေးခြင်း၊
နိုင်ငံ တကာအဆင့်သတ်မှတ်သည့် အေဂျင်စီများက အသုံးပြုသော လုပ်ထုံးလုပ်နည်း များနှင့်အညီ
ပဏာမအဆင့်သတ်မှတ်မှုဆောင်ရွက်ခြင်း၊ အဆင့်သတ်မှတ်သည့် အေဂျင်စီများနှင့် အစပျိုးဆွေးနွေးမှုခြင်း၊
အဆင့်သတ်မှတ်ရေး လုပ်ငန်းစဉ်အတွက် အချိန်ဇယားနှင့် အစီအစဉ်အသေး စိတ်ပြုစုရာတွင် အကြံဉာဏ်ပေးခြင်း
စသည့်ကိစ္စ များကို အဓိကအကြံပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




No comments:
Post a Comment