Wednesday, August 12, 2015

မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးတွဲကျင်းပသည့် ကလေးစာပေပြိုင်ပွဲ ဆုရရှိသူများ ကြေညာ

ရန်ကုန် သြဂုတ် ၁၁

အာရှနိုင်ငံများအတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော ဂျပန်နိုင်ငံ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့(Shanti Volunteer Association-SVA) နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း (Myanmar Writers Asscoiation-MWA) တို့ပူးတွဲပြီး မြန်မာနိုင်ငံရှိကလေးများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အရည်အသွေး မြင့်မားသည့် ကလေးစာပေများထွက်ပေါ်နိုင်ရေးကို ရည်ရွယ်လျက် ''မိတ်ဆွေရင်း''ဟု အမည်ပေးထားသော ကလေးစာပေပြိုင်ပွဲ ကျင်းပခဲ့သည်။



ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများမှာ အသက် သုံးနှစ်မှ ငါးနှစ်အရွယ်ကလေးများဖတ်ရှုရန်အတွက် ပန်းချီဇာတ်လမ်း သရုပ်ဖော်စာမူပြိုင်ပွဲတွင် ကာတွန်း မောင်မောင်လေး၏ ''မိတ်ဆွေရင်း''စာမူက ပထမ၊ ကာတွန်းနေခြည်၏ ''မိတ်ဆွေရင်း''စာမူက ဒုတိယ၊ အသက် ခြောက်နှစ်မှ ရှစ်နှစ်အရွယ်ကလေးများ ဖတ်ရှုရန်အတွက် ပန်းချီဇာတ်လမ်း သရုပ်ဖော် စာမူပြိုင်ပွဲတွင် ဝင်းဖေ(အဖျောက်)၏''မိတ်ဆွေရင်း'' စာမူက ပထမ၊ ဆူးထက်အောင်၏ ''ဖိုးအေးနှင့်သူ့မိတ်ဆွေများ'' စာမူက ဒုတိယ၊ အသက်ကိုးနှစ်မှ ၁၁ နှစ်အရွယ်ကလေးများဖတ်ရှုရန်အတွက် ပန်းချီ ဇာတ်လမ်းသရုပ်ဖော်စာမူ ပြိုင်ပွဲတွင် စမ်းချောင်း ကိုကိုအောင်၏ ''ဖိုးနီချစ်သောညိုမောင်'' စာမူက ပထမ၊ ပန်းချီကံကောင်း၏''မိတ်ဆွေရင်း''စာမူက ဒုတိယဆုကို အသီးသီးရရှိကြောင်းနှင့် ဆုပေးပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက် နံနက် ၁ဝ နာရီတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ရာ ဆုရရှိသူများသည် မြန်မာနိုင်ငံစာရေးဆရာအသင်း အမှတ်(၁၇၃/ ၁၇၅)ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း- ဝ၁-၂၅၂၄၁၇၊ ဝ၁-၃၈၅၂၇၃ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း၊ ဆုရရှိသည့်စာမူများကို စာအုပ်အဖြစ် လည်းကောင်း၊ ရုပ်ပြပန်းချီကားချပ်အဖြစ် လည်းကောင်း ပုံနှိပ်ထုတ်ဝေပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တစ်ဆင့် နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။

No comments:

Post a Comment