Saturday, August 8, 2015

အခွင့်အလမ်းများနှင့် အာဆီယံအသိုက်အဝန်း

ပိုးစုန်းကြူး
၁၉၆၇ ခုနှစ်တွင် မွေးဖွားခဲ့သည့် အာဆီယံအဖွဲ့အစည်းကြီးသည် ရေခံမြေခံကောင်းစွာဖြင့် ရှင်သန်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အကြားသမိုင်းပေးတာဝန်အရပ်ရပ်ကို တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ ချစ်ကြည်ရိုင်းပင်း၍ စည်းလုံး

ညီညွတ်စွာဖြင့် ကျော်လွှားခဲ့ကြပါသည်။ စည်းမျဉ်းစည်းကမ်းကိုအခြေခံသည့် အာဆီယံအဖွဲ့အစည်း ကြီးသည် အာဆီယံ ပဋိညာဉ်ကိုလက်ကိုင်ပြု၍အဖွဲ့ဝင်နိုင်ငံများကြား ပွင့်လင်းမြင်သာမှုဖြင့် လျှောက်လှမ်းလာခဲ့ သည်မှာ ၄၈ နှစ်တိုင်ခဲ့ပြီးဖြစ်ပါသည်။
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အာဆီယံသည် ယခုအချိန်အခါတွင် ကျန်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဗီယက်နမ်၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ဖြင့် အရှေ့တောင်အာရှတွင် မယိမ်းမယိုင် ခိုင်မာစွာဖြင့် အရှိန်အဟုန် ကောင်းစွာဒေသ တွင်း ပေါင်းစည်းရေးကြိုး ပမ်းနေ သည့် ဒေသတွင်း အဖွဲ့အစည်း များအနက် အောင်မြင်မှု အရှိဆုံး အဖွဲ့အစည်းတစ်ရပ်အဖြစ် ကမ္ဘာ့နိုင်ငံများအကြား စံနမူနာ ထားလက်ခံသည့် အဖွဲ့အစည်းကြီးအဖြစ် ရပ်တည်နိုင် ခဲ့ပါသည်။
အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့်တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ရုရှား၊ သြစတြေးလျ၊ အိန္ဒိယစသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အာဆီယံနှင့် ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်များ ကမ်းလှမ်းအဆိုပြုခြင်း၊ လုပ်ငန်း များပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းကြောင့် အာဆီယံသည် ''ပျိုတိုင်း ကြိုက်သည့်နှင်းဆီခိုင်'' ဖြစ်နေပါသည်။
အာဆီယံမျှော်မှန်းချက် (Vison) အာဆီယံသည် နိုင်ငံရေးအရ စည်းလုံးညီညွှတ်မှု (politially cohensive) စီးပွားရေး အရ ပေါင်းစည်းနိုင်မှု(economically integrated) လူမှုရေးအရ တာဝန်ယူတတ်မှု (socially responsible) တို့ကို အခြေခံ၍ ပြည်သူကိုဗဟိုပြုသည့် အသိုက်အဝန်းကြီး ဖြစ်လာစေရန်နှင့် ဒေသတွင်း ပေါင်းစည်းရေးအတွက် တစ်ပြေးညီဖွံ့ ဖြိုးတိုး တက်မှုနှင့် သာတူညီမျှ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်မှန်းချက်ထားရှိပါသည်။
အာဆီယံအသိုက်အဝန်း
အာဆီယံ၏ မှတ်တိုင်ဖြစ်သည့် အာဆီယံအသိုက်အဝန်း ပေါ်ထွန်းလာရေးအတွက် ၂ဝ၁၃ ခုနှစ်တွင်အာဆီယံ အသိုက်အဝန်း လမ်းပြမြေပုံကို ဒေသတွင်းတည် ငြိမ်ရေးကို မြှင့်တင်ရန်၊ စီးပွားရေးပေါင်းစည်းမှုကို အရှိန်မြှင့် ရန်နှင့် လူမှုယဉ်ကျေးမှုများ သဟဇာတဖြစ်စေရန် ရည်ရွယ်၍ မဏ္ဍိုင် ၃ ရက်ဖြစ်သည့်-
(၁) နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်
(၂) စီးပွားရေးမဏ္ဍိုင်
(၃) လူမှုရေးနှင့်စီးပ္ပားရေးမဏ္ဍိုင် တို့ကိုအသေးစိတ်ရေးဆွဲပြဌာန်းခဲ့ပြီး အကောင်အထည်ဖော်ကြိုးပမ်းလာခဲ့ သည်မှာ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အာဆီယံအသိုက်အဝန်းကြီး ပေါ်ထွန်းလာတော့ မည်ဖြစ် ပါသည်။
အာဆီယံအသိုက်ဝန်း ထူထောင်ခြင်း နောက်ခံသမိုင်း
၁၉၉၇ ခုနှစ ဒီဇင်ဘာတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်း အဝေးတွင် အာဆီယံခေါင်းဆောင်များက ၂ဝ၂ဝ ခုနှစ်တွင် အာဆီယံသည် အရှေ့တောင်အာရှအား အမြင်ကျယ်ပြီးတည်ငြိမ်အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသည့် တစ်ဦးနှင့်တစ်ဦးစောင့် ရှောက်မှု ရှိသော အသိုက်အဝန်းတစ်ခုတွင် ပေါင်းစည်းနေထိုင်ရန် ကနဦးမျှော်မှန်းခဲ့ကြပါသည်။
အာဆီယံ အသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းသည်၂ဝဝ၃ ခုနှစ်တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ၂ဝ၂ဝ ပြည့်နှစ်တွင် အာဆီယံအသိုက်ဝန်းတစ်ရပ်ထူထောင်ရန် သဘော တူညီသည့် ဘာလီကွန်းကော့ ၂ ကို ထုတ်ပြန်ကြေညာခဲ့ရာမှ စတင်နိုင်ခဲ့ပါသည်။၂ဝ၂၇ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူမြို့တွင် ကျင်းပခဲ့သော (၁၂) ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များက အာဆီယံအသိုက် အဝန်းအား ၂ဝ၁၅ ခုနှစ် အကုန်တွင် ထူထောင်နိုင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် စီဘူးကြေ ညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အာဆီယံအသိုက်အဝန်း ၃ ရပ်သည် အာဆီယံအသိုက် ဝန်းထူထောင်နိုင်ရန် ၎င်းတို့အသိုက်အဝန်းအလိုက် အခြေပြမြေပုံများ ချမှတ်ထားပါသည်။
အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း
အာဆီယံနိုင်ငံရေး လုံခြုံရေး အသိုက်အဝန်း၏ အဓိကမျှော်မှန်းချက်မှာ တူညီသော တန်ဖိုး၊ စံနှုန်း သတ်မှတ် ချက်နှင့် စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံသော အသိုက်ဝန်းတစ်ရပ် အဖြစ်လည်းကောင်း၊ အလုံးစုံလုံခြုံ ရေး အတွက်မျှ ဝေတာ ဝန်ယူခြင်းဖြင့် စည်းလုံးညီညွှတ်၊ ငြိမ်းချမ်း၍ကြံ့ခိုင်သည့် ဒေသတစ်ရပ် အဖြစ် လည်းကောင်း၊ ပိုမိုပေါင်းစည်းပြီး အပြန်အလှန်အမှီ ပြုလျက်ရှိသော ကမ္ဘာ ကြီးတွင် တက်ကြွ၍ အမြင် ကျယ် သော ဒေသတစ်ရပ် အဖြစ် လည်းကောင်းပေါ်ထွန်းရန်ဖြစ်ပါသည်။
အာဆီယံစီးပ္ပားရေးအသိုက်အဝန်း
အာဆီယံစီးပ္ပားရေး အသိုက်အဝန်းသည် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံအား ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဆင်းမှုရှိစေရန်ဖြစ်ပါသည်။ အာဆီယံစီးပွားရေး အသိုက် အဝန်းအနေဖြင့် အဓိကမျှော်မှန်းထားသော လက္ခဏာရပ်များမှာ အာဆီယံအား တစ်ခုတည်းသော
ထုတ်လုပ်မှုအခြေခံနှင့် တစ်ခုတည်းသော ဈေးကွက်အဖြစ်လည်းကောင်း၊ ပြိုင်ဆိုင်ထုတ်လုပ်ရောင်းချနိုင်မှု မြင့်မားသည့် စီးပ္ပားရေးဒေသ အဖြစ်လည်းကောင်း၊ ကမ္ဘာ့စီးပ္ပားရေးစနစ်အတွင်း အပြည့်အဝပေါင်းစည်း ထားသည့် ဒေသအဖြစ် လည်းကောင်း ဖော်ဆောင်ရန်ဖြစ်ပါသည်။
အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း
အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းသည် အာဆီယံအား ပြည်သူဗဟိုပြုသည့် လူမှုရေးအရ တာဝန်
ယူမှုရှိသော အာဆီယံအသိုက် အဝန်းဖော်ဆောင်ရာ တွင် ပြည်သူများအသက်မွေးမှု၊ လူနေမှုဘဝများ ကို မြှင့် တင်နိုင်သော ပြည်သူအားလုံးပါဝင်သည့် သဟဇာတဖြစ်သော အသိုက်အဝန်းတစ်ရပ်အဖြစ် ဖော်ဆောင် ရန် ဖြစ်ပါသည်။ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းအနေဖြင့် အဓိကဖော်ဆောင်မည့် လက္ခဏာရပ် များမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖူလုံရေးနှင့် ကာကွယ်ရေး၊ ပတ်ဝန်းကျင်ရေရှည် အကျိုးပြုမှုကို သေချာ စေရေးတို့ဖြစ်ပါသည်။
ဒေသတွင်းဗိသုကာတည်ဆောက်နေသည့်အာဆီယံ
ဘာလီကြေညာချက် ၃ နှင့်အညီ အာဆီယံသည် ၎င်း၏မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့် လုပ် ဆောင်နေပြီး ရရှိထားသည့် မိတ်ဖက်ဆက်ဆံရေးကို မဟာဗျူဟာကျကျ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိ အချိန်တွင် အာဆီယံအဖွဲ့သို့ တီမောလက်စ်တေးနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရှိရန် လျှောက် ထားခြင်း၊ နော်ဝေးနိုင်ငံသည် အာဆီယံ၏ တရားဝင် မိတ်ဖက်ဖြစ်ခွင့် လျှောက်ထားခြင်းနှင့်အတူ အမေရိကန် ဒေါ်လာ ခုနစ်သန်းဖြင့် အာဆီယံ ဒေသရန်ပုံငွေကို ထူထောင်ခဲ့ခြင်း၊ အီကွေဒေါနှင့် ဆွဒ်ဇာလန်နိုင်ငံသည် အာဆီယံ၏ဖွံ့ဖြိုးမှု မိတ်ဖက် ဖြစ်ခွင့်ရရန် အတွက်လျှောက်ထားခြင်း၊ မွန်ဂိုလီး ယားနှင့် မြောက်ကိုရီးယားနိုင်ငံမှ ဆွေးနွေးဖက် မိတ်ဖက်သို့ ပါဝင်ခွင့်ရရန် လျှောက်ထားလာခြင်း၊ အီရန်နိုင်ငံသည် အာဆီယံ၏ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးတွင် ပါဝင်ခွင့်ရရှိရန် လျှောက် ထားခြင်းတို့ ရှိနေသဖြင့် ဒေသတွင်း ဗိသုကာကို တည်ဆောက်မှုသည် ခိုင်မာလာသည့်အပြင် အာဆီယံ၏ အချက်အချာ ကျမှုကိုလည်း ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ အာဆီယံ သည် ကမ္ဘာ့နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ထိတွေ့ ဆောင်ရွက်ခွင့် ရရှိသဖြင့် အာဆီယံ၏စီပွားရေး ပေါင်းစည်းမှု အဟုန် ကို မြှင့်တင်နိုင်သကဲ့သို့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါသည်။
အာဆီယံအသိုက်အဝန်းမှ အာဆီယံပြည်သူများ ရရှိခံစားနိုင်မည့်အကျိုးကျေးဇူးများ
ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများ ရောယှက်နေသည့် တစ်ခုတည်းသောအာဆီယံ အသိုက် အဝန်းကြီး ပေါ်ထွန်းလာချိန်တွင် အာဆီယံပြည်သူများ တစ်သားတည်း ဖြစ်လာကြမည်ဖြစ်ပြီး လွယ်ကူ ချောမွေ့စွာ ခရီးသွား လာနိုင်ခြင်းနှင့် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နိုင်ခြင်း၊ အာဆီယံပြည်သူများအကြား ပညာရေး၊ ကျွမ်းကျင်မှု၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက် မှုစသည့် အကျိုး ကျေးဇူး များကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
အာဆီယံအသိုက်အဝန်းကြီးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရန်လိုအပ်သဖြင့် ပြည်သူကိုဗဟိုပြု၍ စီပွားရေးဖွံ့ဖြိုးတိုး တက်မှုကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများကို ဆွဲဆောင်နိုင်မည့် တစ်ခုတည်းသော အာဆီယံဈေး ကွက်ဖြစ်ပေါ်လာချိန်တွင် ပြင်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်မည် ဖြစ်သဖြင့် အာဆီယ ပြည်သူ များအကြား စီပွားရေး အခွင့်အလမ်းကောင်းများ ပေါ်ထွန်း၍ လူနေမှုအဆင့် အတန်းများလည်း မြင့်မား လာမည် ဖြစ်ပေသည်။
အာဆီယံနှင့်စိန်ခေါ်မှုများ
ဂလိုဘယ်လိုက်ဇေးရှင်းဟုခေါ်သော ကမ္ဘာ့ဖြစ်စဉ်ရေစီးကြောင်းတွင် အာဆီယံသည်လည်း လိုက်ပါစီးဆင်းရ သဖြင့် ကမ္ဘာ့ အရေးအခင်းများ တစ်နည်းအားဖြင့် စိန်ခေါ်မှုများကို တစ်စိတ်တစ်ပိုင်းခံစားရပါသည်။ ကမ္ဘာ့စီးပွား
ရေးမတည်ငြိမ်မှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပြဿနာ၊ လူမှောင်ခိုကုန်ကူးမှု၊ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာလျော့လာမှု၊ နည်းပညာကို အခြေခံ၍ သတင်းအချက်များ ဖောက်ထွင်းမှု၊ အီဘိုလာကဲ့သို့သော ကူးစက်ရောဂါများ၊ ဘာသာရေး အစွန်းရောက်မှု၊ အကြမ်းဖက်ဝါဒတို့သည် ကမ္ဘာကြီးတွင် ယနေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ဖြစ်ကြပါသည်။
အာဆီယံပြည်သူများ၏တာဝန်နှင့်ဝတ္တရားများ
အာဆီယံအသိုက်အဝန်းကြီး ပေါ်ထွန်းလာချိန်တွင် အာဆီယံပြည်သူများသည် ရရှိထားသည့် မတူကွဲပြား မှုများကို အခြေခံ၍ စည်းလုံးညီညွတ်မှုတို့ဖြင့် အသိုက်အဝန်းကြီး၏ အသီးအပွင့်များကို မျှဝေခံစားကြနိုင် မည်ဖြစ် သကဲ့သို့ သဘောဝဘေး အန္တရာယ်အသွယ်သွယ်နှင့် ဒေသတွင်း ပဋိပက္ခများလည်း အတူတကွ ရင်ဆိုင်ဖြေရှင်း ဖြတ်သန်းကြရမည်ဖြစ်ပါသည်။
အာဆီယံပေါင်းစည်းဆက်သွယ်ရေးမဟာစီမံချက်
အာဆီယံ အသိုက်အဝန်းထူထောင်ရန် ကြိုးပမ်း အားထုတ်မှုများကို အာဆီယံပြည်သူများ သိရှိနားလည် စေရန် ရည်ရွယ်၍ အာဆီယံပေါင်းစည်းဆက်သွယ်ရေး မဟာစီမံချက်ကို မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ယူ ဆောင်ရွက်ခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ (၂၅) ကြိမ်မြောက်၊ အာဆီယံ ထိပ်သီးအစည်းအဝေး ကာလအတွင်း စတင်မိတ် ဆက်နိုင်ခဲ့ပါသည်။
''အခွင့်အလမ်းရှိသည့် အာဆီယံ'' (ASEAN ' A Communiy of Opportunity) ဆောင်ပုဒ်ကို လက်ကိုင်ထား၍ အာဆီယံ ပေါင်းစည်းဆက်သွယ်ရေး မဟာစီမံချက်တွင် အဓိကဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် ၁၅ ခုရှိပြီးယင်း စီမံချက်သည် အာဆီယံအသိုက်အဝန်းကြီး အရှိန်အဟုန်ဖြင့် ပိုမိုအားကောင်းလာနိုင်စေရန်အတွက် မဏ္ဍိုင် ၃ ရပ်တွင် ပါဝင်သည့် အစိုးရဝန်ကြီးဌာနများမှ တာဝန်ယူ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစည် များဖြစ်ပြီး အာဆီယံနှင့်ပတ် သက်၍ ပြည်သူများအကြား ထဲထဲဝင်ဝင်သိရှိနိုင်ရေးအတွက် ယင်းစီမံချက်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ပါသည်။
မြန်မာနှင့်အာဆီယံ
၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၇ နှစ်ကြာပြီးနောက်
သမိုင်းပေး တာဝန်တစ်ရပ်ဖြစ်သည့် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ၂ဝ၁၄ ခုနှစ်တွင် အောင်မြင်စွာ ထမ်း ဆောင်နိုင် ခဲ့ပါသည်။ မြန်မာနိုင်ငံမှအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့စဉ်တွင် အာဆီယံထိပ်သီး အစည်းအဝေးကြီး နှစ်ခု အပါအဝင်၊ နိုင်ငံတော်အကြီးအကဲအဆင့် အစည်းအဝေးပေါင်း ၁၂ ခု၊ ဝန်ကြီးအဆင့် အစည်း အဝေးပေါင်း ၃၄ ခု၊ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးနှင့် လုပ်ငန်းအဖွဲ့အစည်းအဝေးပေါင်း ၈၉ ခု၊ စုစုပေါင်း အစည်းအဝေး ၁၃၅ ခုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ခြင်း၊ အာဆီယံ အသိုက် အဝန်းမျှော် မှန်းချက် ရေးဆွဲရေးဆိုင်ရာ နေပြည်တော်ကြေညာချက် အပါအဝင် ကြေညာချက် ၃၄ တို့ကို ထုတ်ပြန်နိုင်ခဲ့ခြင်း၊ (၉) ကြိမ်မြောက်၊ အရှေ့တောင်အာရှ ထိပ်သီးအစည်း အဝေးသို့သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့်အမေရိကန်ပြည်ထောင်စု တို့မှ နိုင်ငံခေါင်း ဆောင်ကြီးများနှင့် ဒေသတွင်းမဟာ ဗျူဟာကျသည့် အရေးကိစ္စများပေါ် ပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့ခြင်း၊ ဆွေးနွေး ဘက်ဆက် ဆံရေးနှစ် ၄ဝ ပြည့် အာဆီယံ-သြစ တြေးလျ အထိမ်းအမှတ် အခမ်းအနားကို အောင်မြင် စွာ ကျင်းပ နိုင်ခဲ့ခြင်းစသည်တို့ကို လုပ် ဆောင် နိုင်ခဲ့ပါသည်။
နိဂုံး
အာဆီယံသည် အနာဂတ်ကိုအလေးထားသည်အဖွဲ့ အစည်းဖြစ်သဖြင့် အာဆီယံအသိုက်အဝန်း၏ ၂ဝ၁၅ ခုနှစ် အလွန်မျှော်မှန်းချက်များကို စတင်ရေးဆွဲနေပြီး ယင်းမှတစ်ဆင့် အာဆီယံမျှော်မှန်းချက် ၂ဝ၂၅ ခုနှစ်ကို
ရေးဆွဲအကောင်အထည်ဖော်နေပြီး ဖြစ်ပါသည်။ အာဆီယံအဖွဲ့အစည်းကြီးသည် ပြည်သူကိုဗဟိုပြုသည့် အာဆီယံ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုရေးကို ထိန်းသိမ်းနိုင်သည့် အာဆီယံ၊ ပဋိပက္ခနှင့်ဘေး အန္တရာယ် များကို ခံနိုင်ရည်ရှိသည့် အာဆီယံအဖြစ် ရှေ့သို့တူညီစွာတက်လှမ်းနေပြီး ငြိမ်းချမ်းဝေးစည်သည် အသိုက် အဝန်းကြီးသည် မကြာမီပေါ်ထွန်း လာတော့မည် ဖြစ်ပြီးအာဆီယံ ပြည်သူများအနေနှင့်လည်း အပြန်အလှန် လေးစား လိုက်နာမှု တိုးမြင့်ရေး၊ တစ်ဦးယဉ်ကျေးမှု တစ်ဦးကလက်ခံ လာနိုင်ရေးနှင့် သဟဇာတမျှသော လူမှုရေးစံချိန်စံညွှန်း များဖြင့် နေထိုင်သွားနိုင်ရေးတို့ကို လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ။

No comments:

Post a Comment