Saturday, August 8, 2015

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေးနှင့် တမူးဒေသ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် အ၀တ်အထည် စားသောက်စရာများ လှူဒါန်း




မုံရွာ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှု ဖြစ်ပွားခဲ့သည့် ကလေးနှင့် တမူးဒေသရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် အ၀တ်အထည်များ စားသောက်စရာများ လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ(၇)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်က မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ခင်သန်းဝင်း၊ ဥက္ကဌ ဒေါ်သဇင်နွယ်၊ ဗဟိုအလုပ်အမှုဆောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝေေ၀ခိုင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ငွေကျပ်သိန်း(၁၀၀) အ၀တ်အထည်စုံ ပီနံအိတ်ကြီး(၄) အိတ်၊ ရေဘေးသင့်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များ အသုံးပြုရန် အတွက် အသုံးအဆောင် ပစ္စည်းများ အထုပ် (၁၅၀)ထုပ်၊ ချောင်းဦးမြို့နယ် မဟာဗောဓိတောရ ရေဘေးချောင် စခန်းရှိ ရေဘေးသင့်ပြည်သူ (၇၂၇)ဦးအတွက် ထမင်းဘူးများ၊ ကြက်ဥနှင့် ကွေကာအုပ်ထုပ်များကို လည်းကောင်း၊ ဆားလင်းကြီးမြို့နယ် ဖောင်တော်နှင့် ပေါင်းဝကျေးရွာရှိ ရေဘေးသင့်ပြည်သူ (၁၀၇၉)ဦး အတွက် ဆန်(၁၀)အိတ်၊ ဆီ(၃၅)ပုလင်းပါတစ်ဖာ၊ ရေသန့်ဘူးကြီး(၁၀၀)၊ ရေသန့်ဘူသေးငယ် (၃၀)ကတ်၊ မားမား(၃၀)ဖာ၊ အချိုရည်(၅)ဖာ၊ ကြာဇံ(၁)အိတ်၊ ဆပ်ပြာခဲ(၂)အိတ်၊ ဆပ်ပြာမှုန့်(၂)အိတ်၊ အ၀တ် အထည်(၂)အိတ်၊ စောင်(၁)အိတ်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြကြောင်း သိရှိရသည်။


မုံရွာ ပြန်/ဆက်

No comments:

Post a Comment