မုံရွာ
သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီးတွင်
ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီး ရေလျှံမှုများ
ဖြစ်ပေါ်ခဲ့ပြီး ကလေးခရိုင်နှင့် ချင်းပြည်နယ်ဒေ သ အချို့တို့တွင် ရေဘေးသင့်ခဲ့သည်။
သို့ဖြစ်ရာ အဆိုပါ ရေဘေးသင့် ပြည် သူများအတွက် စစ်ကိုင်းတိုင်းဒေသကြီး
အစိုးရအဖွဲ့နှင့် ကုမ္ပဏီများ၊
လုပ်ငန်း ရှင်များ၊ တပ်မတော် မိသားစုများ၊
ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် အဖွဲ့အစည်း အသီးသီးမှ
စေတနာရှင် ပြည်သူများက လှူဒါန်းသည့် ပစ္စည်းများကို သြဂုတ် (၈) ရက်နေ့ နံနက်
(၉)နာရီခွဲ အချိန်က မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ ကလေးမြို့သို့
ဦးမျိုးဝင်း+ဒေါ်မြမြ၀င်း ``အောင်မြ သန်း´´ ရေယာဉ်မိသားစုက ဇက်ရေယာဉ်(၅)ဦး ၊
ကုန်တင် အမြန်ယာဉ် (၂)စီး၊ စုစုပေါင်း ရေယာဉ်(၇)စီးဖြင့် အခမဲ့
ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ရေယာဉ်(၇)စီးတွင်
ဆန်အိတ်(၈၄၆၁)အိတ်၊ ရေသန့်(၅၃၈၀)ကဒ်၊ 300kVA မီးစက်တစ်လုံး၊ 200KVA မီးစက် (၂) လုံး၊
ထန်စဖော်မာ (၃) လုံး၊ ထွန်စက် (၅၀) စီး၊ ပစ္စည်းစုံ ဂျပ်ဖာ/ အိတ်(၁၂၅၀)လုံး၊
ဖယောင်းတိုင် ဂျက်ဖာ ပီနံ (၂၇၀၀)အိတ်၊ ဒီဇယ် (၅၀) ဂါလံပါ ပီပါ (၁၀၀)လုံး၊ ဓာတ်ဆီ
(၅၀)ဂါလံပါ ပီပါ (၂၀)လုံး၊ စားသုံးဆီ (၅)ပိသာဝင် (၈၀၀)ပုံး တင်ဆောင်သွားကြောင်း
သိရသည်။
ကလေးခရိုင်နှင့်
ချင်းပြည်နယ်ဒေသ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့် ပစ္စည်းများအား
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ပြည်တွင်း
အခွန်များ ဦးစီးဌာန၊ ပြည် တွင်း ရေကြောင်း ပို့ဆောင်ရေးနှင့်
မြန်မာ့နိုင်ငံရဲတပ်ဖွဲ့တို့က တာဝန်ယူ ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

No comments:
Post a Comment