ပွင့်ဖြူ သြဂုတ် ၉
မကွေးတိုင်းဒေသကြီး
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး
ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ အဝတ်အထည်နှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲကို
သြဂုတ် ၈ ရက် နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ကျင်းပသည်။
မကွေးတိုင်းဒေသကြီး
ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနဒု-ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးမှ စိုက်သိပံ္ပကျောင်းအတွက်
ကျား\မ အဝတ်အထည် (၅၉၅) ထည်၊ မြို့ပေါ်ဝန်ထမ်း အားလုံးအတွက် ကျား\မ အဝတ်အထည် (၅၀၄) ထည်နှင့်
ပရဟိတ ကျောင်းမှ ကျား\မ အဝတ်အထည်၊ စောင်၊ ကျောင်းသုံး ဗလာစာအုပ်၊ ကျောင်းလွယ်အိတ်နှင့်
ကျောင်းဝတ်စုံ (၄၆၅)ထည်တို့ကို သက်ဆိုင်များထံသို့ ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment