Sunday, August 9, 2015

ကလေးမြို့ တွင် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်



ကလေးမြို့ တွင် ဇူလိုင် ၂၈ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၃ ရက်နေ့ နောက်ပိုင်းမှ ရေများပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ဦးစီးဌာနမှ ၀န်ထမ်းများကလည်း ရေပြန်လည်ကျသွားပြီ ဖြစ်ခြင်းကြောင့် နောက်ဆက် တွဲရောဂါများ ဖြစ်ပွားမှု မရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ၍ ရေတွင်းရေကန်များအတွင်း ကာကွယ်ဆေးများ ထည့်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ မြို့ ပေါ်မှာ ရေပြန်ကျတော့ ရေတွင်းရေကန်တွေအားလုံးမှာ မကောင်းတဲ့ရေတွေ ၀င်ရောက်တဲ့ အတွက် ရေတွေက သုံးလို့ မရတော့ဘူး။ အဲဒီ့ရေတွေကို ရေစုပ်စက်တွေနဲ့  စုပ်ထုတ်ပြီး ကလိုရင်းဆေးကို ထည့်ပေးရပါတယ်။ ဒါမှလည်း ရေကြီးပြီး ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်ပွားမှု မရှိအောင် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု ကျန်းမာရေးဆရာမတစ်ဦးက ပြောကြားသည်။
“ ကျွန်တော်တို့  ရေကန်ရေတွင်းတွေက ရေကျသွားတဲ့အခါမှာ ရေဆိုးတွေနဲ့  နွံအနှစ်တွေ ကျန်ခဲ့ ပါတယ်။ အဲဒါတွေကို ရေစုပ်စက်တွေ ငှါးပြီး စုပ်ထုတ်ပစ်ရပါတယ်။ အခုကျန်းမာရေးဝန်ထမ်းတွေက ဆေး တွေ လာထည့်ပေးတော့ ၀မ်းရောဂါအတွက် ကြောက်စရာ မလိုတော့ဘူးပေါ့။ ဆေးနဲ့ မယဉ်ပါးသေးခင် တော့ ရေသောက်ရတာ တစ်မျိုးပဲ။ ဒါကလည်း မဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုဖြစ်လို့  အားလုံးလုပ်စေ ချင်ပါတယ် “ ရေဘေးသင့် အိမ်ရှင်တစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment