တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် ရေကြီးရေလျှံမှုများကြောင့် သြဂုတ် ၄ ရက်အထိ ပြုစုထားသော စာရင်းများအရ
အထက် တန်းအဆင့် ၁၆၃ ကျောင်း၊ အလယ်တန်းအဆင့် ၃၉၇ ကျောင်းနှင့် မူလတန်းအဆင့် ကျောင်း ၂၃၆ဝ
စုစုပေါင်း ၂၉၂ဝ ယာယီ ပိတ်ထားခဲ့ရာ ယခုအခါ ကျောင်းပေါင်း ၅၇၃ ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း
သိရသည်။
ထို့ပြင်
အခြေခံပညာ ဦးစီးဌာန အနေဖြင့် ရေဘေးသင့်ဒေသမှ ကျောင်းသား ကျောင်းသူ တစ်ဦးလျှင် ဗလာစာအုပ်
တစ်ဒါဇင်၊ ခဲတံလေးချောင်း၊ ဘောပင်နှစ်ချောင်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
''ရေကျသွားပြီဆိုတာနဲ့
ကျောင်းတွေ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ပညာ
ရေးမှူးတွေ ကို ကျောင်းစာသင် ခန်းတွေမှာ အရင်ဆုံး သန့်ရှင်းရေးလုပ်ဆောင်ဖို့ မှာကြားထားပါတယ်။
ရေကျပြီးတဲ့အခါ စာသင်ခန်းတွေ ထဲမှာ စာသင်ခုံတွေကအစ အခန်းသန့်ရှင်း ရေးအတွက် ဥပမာ-ရေပိုက်တွေနဲ့
ရေတွေဆေးပြီး သန့်သန့်ရှင်းရှင်းနဲ့ ကလေးတွေ မြန်မြန် စာသင်နိုင်အောင် ဆောင်ရွက်ကြရပါမယ်။
ဒီအတွက် ကုန်ကျ စရိတ်ကို အခြေခံပညာဦးစီးဌာနက ကျခံဆောင်ရွက်ပါ့မယ်'' ဟု ယင်းဦးစီး
ဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြောကြားသည်။
ရေကြီးရေလျှံမှုများကြောင့်
မဟုတ်သော်လည်း ရေဘေးသင့်ကယ်ဆယ်ရေး စခန်းများအနေဖြင့် ကရင်ပြည်နယ်တွင် သုံးကျောင်း၊
ချင်းပြည်နယ်တွင် ခုနစ်ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုးကျောင်း၊ မကွေးတိုင်းဒေသကြီးတွင်
ခြောက်ကျောင်း၊ ရခိုင်ပြည် နယ်တွင် ရှစ်ကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၃ ကျောင်း၊
ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်ကျောင်း ဖွင့်လှစ်ထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။
''ကျောင်းသုံးစာအုပ်တွေကို
ခရိုင်တွေမှာ မူလကတည်းက ပို့ထားတာ ရှိပါတယ်။ ရေဘေးသင့်ဒေသက ကျောင်းတွေ အတွက် မူလက ခရိုင်အလိုက်
မှာရှိနေတဲ့ လက်ကျန် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေကို ပြန်လည် စုစည်းမယ်။ ရေဘေးသင့် ခရိုင်တွေက
ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေရော ကျန်တဲ့ ခရိုင်တွေက ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေကို
အတန်း အလိုက် အစုံဖွဲ့ပြီးပြန်စုမယ်။ ပြီး တော့မှ ရေဘေးသင့်ဒေသ ကျောင်း တွေအတွက် ပြန်ဖြန့်သွားမယ်။
ဒီလို ရေဘေးသင့် ကျောင်းတွေအ တွက် ဖြန့်ဝေသွားဖို့ ခရိုင်အလိုက်အနေနဲ့ အတန်းလိုက်အတွက်
ဘာသာရပ် အလိုက် အစုံလိုက်ဖြန့်ဝေနိုင်အောင် ဆရာ ဆရာ မတွေ ကျောင်းသူ ကျောင်းသားတွေ၊ ပရဟိတစိတ်နဲ့
ကူညီဆောင်ရွက်မယ့် သူတွေနဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်ထားတယ်။ ဒါ့အပြင် လုပ်အားပေးတွေ
ခေါ်ပြီး ဆောင်ရွက်နိုင်အောင်လည်း စီစဉ်ထားပါတယ်။ နောက်တစ်ခုက ဒီလိုလုပ်ဖို့ အခက်အခဲ
ရှိတယ်ဆိုရင် လုပ်အားခနဲ့ ဆောင်ရွက်သွားဖို့လည်း စီစဉ်ထား ပါတယ်'' ဟု ၎င်းက ဆိုသည်။
လက်ရှိ
စာရင်းဇယားများအရ စုဖွဲ့ထားသည့် ပြဋ္ဌာန်း စာအုပ်များသည် လုံလောက်မှု ရှိသော်လည်း အမှန်တကယ်
ဖြန့်ဝေရာတွင် အခက်အခဲရှိခဲ့ပါက ဆောင်ရွက်မည့် အခြေအနေအပေါ် ''လှိုင်၊ တပ်ကုန်း၊ မြစ်ငယ်မှာ
သိုလှောင်ထား တာတွေ ရှိပါတယ်။ အဲဒါတွေ ကိုလည်း အခုအတန်းအလိုက် ဘာသာရပ် တွေကို စုဖွဲ့ပြီး
စီစဉ်ထားပါတယ်။
''ဒီလိုဖြန့်ဝေတဲ့အခါ
ရေကြီးရေလျှံ ဖြစ်ပေါ်နေဆဲဒေသတွေက ပို့လို့မရဘူး။ ရေကျတာနဲ့ ပို့လို့ရအောင် စီစဉ်ထားတယ်။
တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အလိုက် လိုအပ်တဲ့ ပြဋ္ဌာန်းစာအုပ်စာရင်းကို ပြုစုဖို့မှာထားပါတယ်။
တချို့ နေရာတွေမှာ ရေကြီးရေ လျှံဆဲမို့ စာရင်းပြုစုလို့ မရသေးတာလည်း ရှိပါတယ်။ ဒါပေမယ့်
ချက်ချင်း ပို့နိုင်အောင်တော့ လိုအပ်တဲ့ စာရင်းဇယားတွေကို ရသလောက် ပြုစုနေပါတယ်'' ဟု
ဦးစိုးဝင်းက ဆက်လက်ပြောပြသည်။ ရေများ ကျသွားပြီးနောက် ကျောင်းများအမြန်ဆုံး ဖွင့်လှစ်နိုင်ရန်
စီစဉ် လျက်ရှိပြီး ကျောင်းများပြန်လည် တက်ရောက်သည့်အခါ ကျောင်းသူ ကျောင်း သားများ၏
ကျန်းမာရေး အတွက်ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာန၊ မြို့နယ် ကျောင်းကျန်းမာရေး ဆရာဝန်များဖြင့်
ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
''နောက်တစ်ခု
ပြောချင်တာက ရခိုင်ပြည်နယ်မှာ ကျောင်းတွေ လုံးဝကို ပျက်စီးသွားတာ ရှိပါတယ်။ ဒီလိုကျောင်းတွေ
အတွက်လည်း ယာယီကျောင်းတွေ တည်ဆောက်မယ်။ ယာယီကျောင်းတွေ ဆောက်နေဆဲဆိုရင်လည်း အနီးနား
က အခိုင် အခံ့ ရှိနေတဲ့ ဘုန်းကြီးကျောင်းမှာပဲ ဖြစ်ဖြစ်၊ အားကစားရုံပဲဖြစ်ဖြစ် စာသင်နိုင်ဖို့
ဆောင်ရွက်သွားပါ့မယ်။
''ဒီလိုကျောင်းတွေ
တည်ဆောက်သွားဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပြီး ပါပြီ။ ကျွန်တော်တို့ ဌာနရဲ့ ဘတ်ဂျက်နဲ့
မလုံလောက် ရင် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေက သုံးစွဲနိုင်အောင် တင်ပြ တောင်းခံ
ဆောင်ရွက်သွားပါ့မယ်'' ဟုလည်း ပြောကြားခဲ့ သည်။

No comments:
Post a Comment