အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊
မှန်ကုန်းကျေးရွာတွင် င၀န်မြစ်ရေ ၀င်ရောက်နစ်မြုပ်လျှက်ရှိပါသည်။
အဆိုပါ ရေ၀င်နစ်မြုပ် အိမ်ထောင်စုဝင်များကို
မဟာအတုလရာမကျောင်းတိုက် ကယ်ဆယ်ရေးစခန်း၌ ထားရှိပြီး လိုအပ်သော စောင့်ရှောက်မှု ပြုလုပ်ပေးလျှက်ရှိပြီး
အလှူရှင်များက ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုဝင် (၁၃၆) စု အတွက် ဆန်၊ ခေါက်ဆွဲခြောက်ထုပ်၊
ဆပ်ပြာ၊ ရေသန့်ဘူး များအား စိန်စီ ဆရာတော်၊ အတွင်းမှန်ကျောင်း ဆရာတော်၊ နိုဗယ်ပရဟိတ
ဓမ္မဗိမာန်ကျောင်းတိုက် ဆရာတော်၊ စစ်ကိုင်း သကျဓိတာစာသင်တိုက် သီလရှင်ဆရာလေးများက ဆန်(၆၅)အိတ်၊
ခေါက်ဆွဲခြောက်(၁၅)ဖာ၊ ရေသန့်ဘူး (၁၀၀၀) တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:
Post a Comment