ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်
အစိုးရက ဦးဆောင်၍ တပ်မတော်၊ ပြည်သူ၊ လူမှုရေး အသင်း အဖွဲ့များ၊ ပြည်တွင်းပြည်ပ အကူအညီများဖြင့်
ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ အဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်။
သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မင်းဘူးခရိုင် လယ်ကိုင်း ဒေသသဘာဝဘေး
ဒဏ်ခံပြည်သူများကို
စာနာစိတ်အပြည့်ဖြင့် လူငယ်လူကြီး လူတန်းစား အသီးသီးမှ လှူဒါန်းကူညီကြသည်ကိုလည်း အားရဖွယ်
တွေ့မြင်ခဲ့ရသည်။
ဦးအောင်သက်ပိုင်
မကွေးတိုင်းဒေသကြီး
သတင်းစာဆရာများအသင်း
ပြန်ကြားရေးမှူး
ဆက်သွယ်ရေးခက်ခဲတဲ့ ရေဘေးသင့်ကျေးရွာတွေကို
အလှူရှင်တွေနဲ့တွေ့ဆုံဆက်သွယ်ပေးပါတယ်။ ရေဘေး သင့် ဒေသအရောက်အလှူရှင်တွေကို လိုက်လံပို့ဆောင်
ပေးပါတယ်။ လမ်းပေါက်တဲ့ဒေသတွေမှာတော့ အလှူရှင် တွေ အနယ်နယ်အရပ်ရပ်က ဝိုင်းလှူကြတာ ပိုလျှံလို့
တောင်နေပါတယ်။ ကြက်သီးထလောက်စရာ၊ မျက်ရည် ကျလောက်စရာလှူဒါန်းမှုကြီးပါပဲ။ အခုလည်း ပွင့်ဖြူမြို့နယ်မြေပုံမှာရှာမတွေ့မိသေးဘူး။
မြေပုံမှာ ပါပါ၊ မပါပါ ဒုက္ခရောက်နေတာအမှန်မို့ အဲဒီရွာကိုသွားမှာပါ။ အလှူ ရှင်လည်းရောက်လာနေပါပြီ။
ပြန်လည် ထူထောင်ချိန်မှာလည်း မျိုးစပါးတွေ၊ အခြားလိုအပ်တာတွေရအောင် ဆက်သွယ်တိုက်တွန်း
ကူညီ ဦးမှာပါ။ ပရဟိတလုပ်ငန်းကို ဝါသနာပါတယ်။
ကိုဇော်မင်းနိုင်
မုန်းမြင့်ကျေးရွာခွဲအုပ်ချုပ်ရေးမှူး
ရထားလမ်းတာရိုးဟာ ကျွန်တော်တို့ရွာတွေကို
ကွင်းနေတဲ့ အကာအရံပါ။ ဘယ်တုန်းကမှ ရေမကျော်ခဲ့ပါဘူး။ အခုလည်းရေမတက်နိုင်လောက်ဘူးဆိုပြီးနေခဲ့တာ။
ရေတွေ မိနစ်ပိုင်းအတွင် တရိပ်ရိပ်တက်လာပြီး မြုပ်ကုန် တော့တာပဲ။ ကိုင်းလုပ်လယ်လုပ်တဲ့ရွာဆိုတော့
စိုက်ခင်းနဲ့ကောက်ပဲသီးနှံတွေဆုံးရှုံးပါတယ်။ လယ်ယာကိုင်း အလုပ်သမားတွေကို အလုပ်မပေးနိုင်တော့သလို
လုပ်စရာလည်းဘာမှမကျန်တော့လို့ စားဝတ်နေရေးခက်ခဲ ပါတယ်။ လူအသေအပျောက်မရှိပါဘူး။ ကျွဲ၊
နွား၊ ဝက်နဲ့ အိမ်မွေးတိရိစ္ဆာန်အချို့ပဲဆုံးရှုံးပါတယ်။ အခုလည်း အလှူရှင်အကူအညီရလို့
ဒီနေရာကို ရောက်လာခြင်းဖြစ်ပါတယ်။
ဟာဂျီ
ဦးစိန်ဝင်း
အောင်ပန်းမြို့
စေတနာမွန်
အစ္စလာမ်လူမှုကူညီရေးအဖွဲ့
ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေရေဘေးသင့်
ဒုက္ခရောက်ကြရပါတယ်။ ဒုက္ခရောက်သူကို အားလုံးက ပူးပေါင်းကူညီရပါမယ်။ အခုအောင်ပန်းမြို့
စေတနာမွန် အစ္စလာမ်လူမှုကူညီရေးအသင်းက ကားသုံးစီးစာ အစား အသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေလာရောက်ကူညီ
ပါတယ်။ ရှမ်း(တောင်) အစ္စလာမ်အဖွဲ့ အစည်း တွေလည်း ရေဘေးသင့်အနယ်နယ်အရပ်ရပ်ကို ကူညီဖို့
ထွက်လာကြဖို့ စီစဉ်နေကြပါတယ်။
လယ်ကိုင်း ကျောင်းတော်ရာဒေသသို့ ကြေးမုံ
သတင်းစာဝန်ထမ်းများ(ရန်ကုန်)၊ သတင်းစာတိုက် ဝန်ထမ်းများ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်
ခေတ်အေး ပရဟိတကျောင်း၊ ဥတ္တမာရုံကျောင်း၊ စက်ကုန်း သဒ္ဓမ္မသုခ ဓမ္မရိပ်သာတို့ကလည်း ရေသန့်ဆေး၊ရေသန့်ဘူး၊
တိုင်းရင်းဆေး၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ သံဃာတော်များအတွက် သင်္ကန်းများသွားရောက်လှူဒါန်း
ခဲ့သည်။
သဘာဝရေဘေးအန္တရာယ်မှာ မဖိတ်ခေါ်သော်လည်း
ကျွန်ုပ်တို့နိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ သို့ဝင်ရောက်လာခဲ့သည်။ သန်းနှင့်ချီသောပြည်သူများ
ရေဘေးသင့်ဒဏ်ခံစားခဲ့ကြရသည်။ ရေဘေးသင့်ပြည် သူများကို အစိုးရနှင့်အဖွဲ့အစည်းအသီးသီးက
ကယ်ဆယ် ရေးနှင့်ပြန်လည်ထူထောင်ရေး ကိစ္စများ ကူညီ နေသကဲ့သို့ မြန်မာနိုင်ငံအနှံ့အပြားမှ
သန်းပေါင်းများစွာသော လူငယ် လူကြီး လူမျိုးစုံ၊ ဘာသာစုံ ပရဟိတ အသင်းအဖွဲ့များ တစ်ကိုယ်တော်အလှူရှင်များတို့၏
ကိုယ်ချင်းစာနာ၍ အားတက်သရော ကူညီမှု များကို လေးစားသာဓုခေါ်ဖွယ် ရာမြင်တွေ့ရပါကြောင်း။
။
သတင်းနှင့် ဓာတ်ပုံ-ကိုနေ

No comments:
Post a Comment