Tuesday, August 11, 2015

ညောင်တုန်းမြို့ ရေအမှတ်သည် အန္တရာယ်ရှိသော အဆင့် (လိမ္မော်ရောင်) ပယ်ဖျက်ပြီး ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေကြသည့် ပြည်သူများ မိမိတို့နေအိမ်များတွင် စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်

ညောင်တုန်း ၊ သြဂုတ် ၁၁

ညောင်တုန်းမြို့နယ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကော်မတီ၏ ယနေ့နံနက် ၉း ၃၀ မိနစ်အချိန်တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ညောင်တုန်းမြို့ ရေအမှတ်သည် ၂၄.၄၅ ပေ သို့ ရောက်ရှိပြီဖြစ်၍ အန္တရာယ်ရှိသောအဆင့် (လိမ္မော်ရောင်)ကို ပယ်ဖျက်လိုက်ပြီး မြို့ပေါ်ရှိ ရေဘေးရှောင်စခန်းများ တွင် ခိုလှုံနေသော ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် စိတ်အေးချမ်းသာစွာ ပြန်လည် နေထိုင်ကြရန်နှင့် မြစ်ကမ်းထိန်းတာ၏ အပြင်ဘက်တွင်နေထိုင်ပြီး ရေနစ်မြုပ်နေသေးသော နေအိမ်အချို့မှ မိသားစုများကိုသာလျှင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အစီအစဉ်ဖြင့် ရေလွတ်ရာနေရာများတွင် ဆက်လက်နေထိုင်စေပြီး လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ရေကျသွားသော နေရာများတွင်ရှိသော ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ရေနစ်မြုပ် နေသည့် အခြေခံပညာ ကျောင်းများ အားလုံးကိုလည်း မကြာမီ ဖွင့်လှစ်ပေးရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် ပျက်စီးသွားသည့် စပါးသီးနှံများနှင့် ခြံသီနှံများ၏ စာရင်းကို မှန်ကန်တိကျစွာ အမြန်ဆုံးစာရင်း ကောက်ယူပြုစုရန်နှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများကို အမြန်ဆုံးထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည် ။


ပန်းလှိုင်မြစ်တစ်ဖက်ကမ်း ကွင်းရေမြင့်တတ်မှုကြောင့် ရေနစ်မြုပ်နေသော စံကင်းကျွန်းဒေသ ကူညီ စောင့်ရှောက်ရေး အတွက် မြို့နယ်အဖွဲ့အစည်းများမှ အာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ၏ လာရောက်လှူဒါန်းနေမှု များကိုလည်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စနစ်တကျ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။


မအူပင်ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment