ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခိုက်
ရေဘေးသင့်ဒေသများကို သွားလိုသည်။ သို့သော် သွားလာရန် ခက်ခဲပြီး တစ်ဦးတည်း မည်သို့မျှမသွားနိုင်၊
အစုအဖွဲ့များဖြင့် သွား လာမှသာ ခရီးတွင်မည်ကို စဉ်းစားမိ၍ စစ်တွေမြို့ရှိ မိတ်ဆွေ ဦးမိုးဟိန်း
ညွှန်ကြားရေးမှူး (အစိုးရအဖွဲ့- ရခိုင်ပြည်နယ်)အား ဖုန်းနံပါတ် ရှာဖွေ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့ရာ
လိုအင်ဆန္ဒပြည့်ဝခဲ့သည်။
၎င်းစီစဉ်ပေးသည်မှာ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင်
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်နှင့် ရန်ကုန်မြို့မှ စေတနာထက်သန်စွာလာရောက်
လှူဒါန်းသည့် လေးကျွန်းသူအဖွဲ့ မင်းပြားမြို့ သို့ ရှပ်ပြေးယာဉ်ဖြင့် သွားရောက်လှူဒါန်းမည်
ဖြစ်သဖြင့် လိုက်ပါသွားနိုင်ရန်စီစဉ်ပေးသည့် အတွက် ဆန္ဒပြည့်ဝခဲ့သည်။
စာရေးသူတို့သည် သြဂုတ် ၉ ရက် နံနက် ၆
နာရီတွင် ပေါက်တော-မင်းပြားသွား သင်္ဘောဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရှပ်ပြေး ယာဉ်ကို
လေ့လာကြည့်သော် သင်္ဘောအပေါ် တွင် ထောက်ပံ့ရေးပစ္စည်းမျိုးစုံကို ရေမစိုအောင် ဖုံးအုပ်ထားသည်ကို
တွေ့ရသည်။ သင်္ဘောတွင်းသို့ ရောက်ရှိစဉ် လမ်းခရီး၌ အန္တရာယ်ကင်း စင်ရေးအတွက် သင်္ဘောသားများက
စောင့်ရှောက်ပေးသလို အသက်ကယ် အင်္ကျီများဝတ်ဆင်ပုံ ရှင်းပြပြီး တစ်ဦးကို တစ်ခုကျစီ စီစဉ်ပေးထားသဖြင့်
စိတ်သောကများ ကင်းစင်ခဲ့သည်။
သင်္ဘောထွက်ခွာသည့်အချိန်မှာ ၆ နာရီ ၁၅
မိနစ်ခန့်ဖြစ်၍ တစ်နာရီခွဲခန့်မောင်းပြီးချိန်တွင် မင်းပြားမြို့နယ်၏ ရေဘေးသင့် ကျေးရွာဖြစ်သော
ကျားရဲပြင်ကျေးရွာအုပ်စု သို့ စတင်ရောက်ရှိသည်။ ကမ်းစပ်မှစ၍ အလှူပွဲ အခမ်းအနားကျင်းပမည့်
အဆောက်အအုံသို့ သွားရာလမ်းတစ်လျှောက် စပါးခွံအိတ်များ ခင်းပေးထားသည်။ သင်္ဘောပေါ်ရှိ လှူဒါန်းမည့်
ဆန်၊ ဆေး၊ အသုံးအဆောင်ပစ္စည်း မျိုးစုံထည့်ထားသည့် အိတ်များကို ရွာသူ ရွာသားများက ဝိုင်းဝန်းသယ်ချပေးသဖြင့်
အချိန်တိုတောင်း စွာဖြင့် လှူဒါန်းမှုများကို ပြုလုပ်နိုင်သည်ကို တွေ့ရသည်။ ရွာသူ ရွာသားများမှာ
မျက်ဝန်း များကြည်လင်နေသလို လာရောက်လှူဒါန်း ကြသည့် အလှူရှင်များကို ဆုတောင်းစကားဖြင့်
ပြန်လည်ပြောကြားကြရာ ရောက်ရှိသူအားလုံး ဝမ်းသာပီတိ ခံစားခဲ့ရသည်။
လှူဒါန်းမှုပြုလုပ်ချိန်မှာ နာရီဝက်ခန့်သာ
ကြာမြင့်ခဲ့ပြီး ခရီးဆက်ခဲ့ရာ ၄၅ မိနစ်ခန့် သင်္ဘောမောင်းနှင်ပြီးချိန်တွင် မင်းပြားမြို့နယ်
ဇီးပင်ကြီးကျေးရွာသို့ရောက်ရှိသည်။ ကျေးရွာ ကမ်းစပ်မှ ရွာသူရွာသားများက ရိုးရာအတီး၊
အမှုတ်များဖြင့် ကြိုဆိုနေသည်ကို မြင်တွေ့၍ ရွာအတွင်း အလှူအတန်းရှင်ပြုအခမ်းအနား ရှင်လောင်း
လှည့်ပုံကို မျက်စိထဲပြေးမြင်မိသွားသည်။ လာရောက်ကြိုဆိုသူအားလုံးမှာ ¤င်းတို့ ရေဘေးဒဏ်
ခံစားခဲ့ရ သည်ကို ခေတ္တမေ့ သွားကြပြီး အလှူရှင်များကို ဝမ်းသာလှိုက်လှဲ စွာ ကြိုဆိုနေကြခြင်းဖြစ်သည်။
ရွာအတွင်းရှိ မူလတန်းကျောင်း၌ လှူဒါန်းပွဲကို ကျင်းပပြီး ဆရာတော်၊ သံဃာတော်များကိုလည်း
ဝတ္ထု၊ သင်္ကန်းပရိက္ခရာများ ဆက်ကပ်ကြသည်။ အလှူရှင်များနှင့် ရွာသူ ရွာသားအားလုံး အပျော်ရွှင်ဆုံးချိန်မှာ
လှူဒါန်းပွဲအပြီး ပြန်အထွက်တွင် အလှူရှင်များက ပိုက်ဆံအိတ် ထဲမှ ပိုက်ဆံအထပ်လိုက်ကိုင်၍
ဆီးကြိုနေ ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ရွာတွင်းရှိကလေးအားလုံးအား တစ်ထောင်
တန်တစ်ရွက်စီ လိုက်လံပေးဝေ ပေးခြင်းဖြစ် ရာ ကလေးများအားလုံး ပျော်မဆုံးသည့် မြင်ကွင်းဖြစ်ခဲ့သည်။
ဇီးပင်ရွာတွင် လှူဒါန်းမှုပြုလုပ်ခဲ့ပြီး
ခရီး ဆက်ခဲ့ရာ မင်းရွာသို့ရောက်ရှိခဲ့သည်။ မင်းရွာ တွင် လှူဒါန်းပွဲ ကျင်းပသည့် အဆောင်သည်
သစ်သားခြေတံရှည် အဆောင်ကြီးဖြစ်ပြီး နှစ်ပေါင်း မည်မျှကြာမြင့်သည် မသိ သော်လည်း အဆောင်ပေါ်လူအများတက်ရာတွင်
တိုင်များလှုပ်နေသဖြင့် အချို့ရပ်ကွက်နေပြည်သူများကို အဆောင်အောက်မှသာ စောင့်ခိုင်းထားရသည်။
ရပ်ကွက်ရေဘေးသင့် ပြည်သူ များသည် ဤသို့လာရောက် လှူဒါန်းပေးသည့်စေတနာရှင် အလှူရှင်များကို
တစ်ယောက်တစ်ခွန်း ဆုတောင်းပေးသဖြင့် အလှူရှင်တို့၏ မျက်ဝန်းများကို လေ့လာကြည့်မိရာ
မျက်ရည်ဝဲနေ သရောင်ကို မြင်တွေ့ရသည်။ လာရောက် လှူဒါန်းရခြင်းကို ဝမ်းသာစကားများဖြင့်
ပြောကြားကြပြီး အဆောင်အောက်ရောက်သည်နှင့် ကျေးရွာတွင်းရှိ ကလေး သူငယ်များကို ပိုက်ဆံ
လိုက်လံဝေငှ ပေးကြပြန်သည်။
မင်းရွာမှတစ်ဆင့် မင်းပြားမြို့ ပရိယတ္တိ
ဓမ္မိတာရုံကျောင်းတိုက် ရေဘေးကယ် ဆယ်ရေးစခန်း ဖွင့်ထားသည့် အဆောင်တွင် ဦးစွာ ဆရာတော်သံဃာတော်များကို
သင်္ကန်း ပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်ကြပြီး ကျေးရွာအုပ်စု ၁၆ အုပ်စု၊ ကျေးရွာ ၂၂
ရွာ အတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကြသည်။
ထိုသို့ သွားရောက်လှူဒါန်းသည့် လေး နေရာတွင်
ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များကို တစ်အိမ်ထောင် ဆန်လေးပြည်၊ ရေသန့်ဆေး၊ ခေါက်ဆွဲခြောက်၊
အမျိုးသား/ အမျိုးသမီးဝတ် အဝတ်အထည်၊ ပဲများနှင့် စားသောက်ကုန်အမျိုးစုံတို့ ပါရှိသည်။လှူဒါန်း
သည့်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၆၅ဝ ခန့်ဖြစ်ပြီး လေးကျွန်းသူအဖွဲ့မှ လာရောက်လှူဒါန်းခြင်းဖြစ်သည်။
ယင်း အဖွဲ့တွင် ဒေါ်ထိုက်ထိုက်ဖြိုး၊ ဒေါ်သိန်း သိန်းစိုး၊ ဒေါ်အေးအေးမြတ်၊ ဒေါ်ဝေဝေမွန်၊
ဒေါ်လှလှဝေ၊ ဒေါ်သင်းသင်း၊ ဒေါ်သီတာခိုင်၊ ဒေါ်ပိုးဖြူ၊ ဒေါ်စံပယ်ထွန်း၊ ဒေါ်တင်တင်လှိုင်၊
မအေးငြိမ်းအောင်နှင့် မသဲနိုးအိမ်တို့ကလှူဒါန်း ကြသည်။
ဤသို့ ရွာကြီးလေးရွာသို့ သွားရောက်သည့်
အခမ်းအနားတစ်ပွဲစီတွင် ဦးစံရွှေအောင်နှင့်ဇနီး ဒေါ်အေးအေးသန်း မိသားစုကလည်း ရေဘေးကြောင့်
ရေတွင်း၊ ရေကန်များ ပြန်လည်သန့်စင်အောင် ဆောင်ရွက်ရန် အတွက် အလှူငွေကျပ် ၁၅ သိန်းစီကို
ပါဝင်လှူဒါန်းခဲ့ကြောင်း တွေ့ရသည်။
မင်းပြားမြို့နယ်၌ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု
၆၂ အုပ်စု၊ ကျေးရွာ ၂၄၆ ရွာရှိသည်။ ရေကြီးနစ်မြုပ် ဒဏ်ခံစားရသည့် ရွာ ၂၂ဝ ရှိပြီး လူ
၁၆ ဦး သေဆုံးကာ စပါးစိုက်ဧက ပျက်စီးမှုမှာ ၃၆ဝ၇၉ ဧကဖြစ်ပြီး မျိုးစပါးလိုအပ်မှုမှာ ၅၄၁၁၉
တင်း ဖြစ် သည်။
သတင်း ဓာတ်ပုံ - ဌေးအောင်(ကြေးမုံ)


No comments:
Post a Comment