ကလေး သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးနယ်မြေ၊ ရေဘေးကယ်ဆယ်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို
သြဂုတ်လ (၇)ရက်၊ နံနက်ပိုင်းတွင် ကလေးတပ်နယ် အောင်ဆန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့
စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်
မင်းနောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊
အလှူရှင်များ၊ မြို့မိ/ မြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းမှူးဗိုလ်ချုပ် မင်းနောင်တို့ထံ အလှူရှင်များက အလှူငွေနှင့်
အထပ်သားများ၊ GW 1 စပ်မျိုးစပါးများ အသီးသီးထောက်ပံ့ လှူဒါန်းကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးမြို့၊ ဂရိတ်ဝေါကုမ္မဏီ လီမီတက်ဥက္ကဌ ဦးတင်မောင်က
အထပ်သား (၄၀၀၀)၊ GW 1 စပ်မျိုးစပါးကီလို (၂၅၀၀၀)၊ စင်ကာပူနိုင်ငံ ဝေလ်မာအင်တာနေရှင်နယ်
ကုမ္မဏီမှ အထွထွေမန်နေဂျာ Mr.Sun De Hiaက အထပ်သား (၃၀၀၀)၊ GW 1 စပ်မျိုးစပါးကီလို (၂၅၀၀၀)၊
မန္တလေးမြို့၊ ဟွန်ဒါမြန်မာ အင်ဒါနေရှင်နယ် ကုမ္မဏီမှ ဒါရိုက်တာ ဦးနိုင်နိုင်ဝင်းက ဘလော့ဘုတ်
(၇၀၀)၊ အကြီးမြန် ယူကလစ် (၃၀၀၀၀၀) နှင့် မန္တလေးမြို့၊ ယွန်းရွှေရည်ဝင်း ကုမ္မဏီမှ GW
1 စပ်မျိုးစပါးကီလို (၁၀၀၀၀)၊ မန္တလေးမြို့ ရတနာရွှေရည်ဝင်း ကုမ္မဏီမှ GW 1 စပ်မျိုးစပါးကီလို
(၁၀၀၀၀)၊ မြန်မာမျိုးဆွေ ကုမ္မဏီမှ ဘလော့ဘုတ် (၅၀၀)၊ ဂွတ်ဘရားသားကုမ္မဏီမှ ဘလော့ဘုတ်(၇၀၀)၊
ကျော်ကြားကောင်းမွန် ကုမ္မဏီမှ ဘလော့ဘုတ် (၅၀၀)၊ YFC ကုမ္မဏီမှ ဘလော့ဘုတ်(၅၀၀)၊ စုစုပေါင်း
တန်ဘိုးငွေကျပ် သိန်း(၄၇၃၀) လှူဒါန်းခဲ့ကြသည်။
အဆိုပါ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တာန်ရှိသူများသည်
ကလေးမြို့၊ လေဆိပ်တွင် အိန္ဒိယနိုင်ငံမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်များနှင့် စားသောက်ဖွယ်ရာများ
လာရောက် ထောက်ပံ့ပေးမှုအား လက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများ သည် မွန်းလွှဲပိုင်းတွင်
ရဟတ်ယာဉ်ဖြင့် ကလေးမြို့၊ နည်းပညာတက္ကသိုလ် ကျောင်းရေဘေး ကယ်ဆယ်ရေးစခန်းတွင်ထိုမာကျေးရွာ၊
ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်
ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ရေဘေးသင့်ပြည်သူများအတွက် ခေါတ်ဆွဲခြောက်များနှင့်
စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကြာအင်းကျေးရွာနှင့် ကွန်ပျုတာတက္ကသိုလ် (ကလေး) ရေဘေးကယ်ဆယ် ရေးစခန်းများသို့
သွားရောက်ပြီး ရေဘေးသင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီးစိုက်ပျိုးရေး၊
မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်သည်များကို
တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောက်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက်
ခေါတ်ဆွဲ ခြောက်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့သည်။
ဆက်လက်၍ ရဟတ်ယာဉ်ဖြင့် ကလေးမြို့နယ် အတွင်းရှိကျေးရွာများတွင် ရေများပြန်လည်
ကျဆင်း၍ စပါးခင်းများ ရှင်သန်နေမှုများနှင့် ရေမြုပ် စပါးများ ပြန်လည်ဆည်တင်မှုများအား
ကြည့်ရူ့စစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ရဟတ်ယာဉ်ဖြင့်
ကလေး-ကလေးဝ ကားလမ်း အခြေအနေအား ကြည့်ရူ့ စစ်ဆေးပြီး ကလေးဝမြို့အတွင်း ရေများကျဆင်း၍
နုံးမြေများအား ပြန်လည်သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား မော်တော်ကားဖြင့် လှည့်လည်ကြည့်ရူ့စစ်ဆေး
ကာ ကလေး-ကလေးဝ ကားလမ်းအား လမ်းပန်းဆက်သွယ်ရေး၊ အမြန်ကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေး
တို့အား တာဝန်ရှိသူများနှင့် ညှိုနိင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများ သည် ညပိုင်းတွင်
ကလေးတပ်နယ်၊ အောင်ဆန်းခန်းမတွင် ကျင်းပသောရေဘေးကယ် ဆယ်ရေးစခန်း တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ကယ်ဆယ်ရေးစခန်း တာဝန်ခံများက မိမိတို့် ကယ်ဆယ်ရေးစခန်းများမှ ကျန်းမာရေး၊
စားဝတ်နေရေး လုပ်ငန်း အခြေအနေများနှင့် လိုအပ်သည်များကို အသီးသီး ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ကယ်ဆယ်ရေး လုပ်ငန်းများနှင့်
ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်
ဆောင်ရွက်ပေးကာနိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်း ပြန်/ဆက်



No comments:
Post a Comment