နေပြည်တော် သြဂုတ် ၅
သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသည့် ရေဘေးသင့်ဒေသများရှိ ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများ
ထောက်ပံ့ပေးအပ်နိုင်ရန် တပ်မတော်နှင့် ပြည်တွင်း လေကြောင်းလိုင်းများမှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်
ပေးပို့လျှက်ရှိသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်များဖြင့် ကယ်ဆယ်ရေးနှင့်
ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင်ရခိုင်ပြည် နယ် စစ်တွေလေဆိပ်သို့
တပ်မတော်လေယာဉ် ရွှေမြန်မာလေကြောင်းလိုင်းနှင့် ကမ္ဘောဇလေကြောင်းလိုင်းတို့မှ ခေါက်ရေ(၆)ခေါက်ဖြင့်
စားနပ်ရိက္ခာ၊ ဆေးဝါးမျိုးစုံ၊ လူအသုံးအဆောင်ပစ္စည်းများ၊ မီးစက်နှင့် အသက်ကယ်လှေများကို
လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးလေဆိပ်သို့ တပ်မတော်လေယာဉ်၊ မြန်မာ အမျိုးသားလေကြောင်း၊
ကမ္ဘောဇလေကြောင်းလိုင်းတို့မှ ခေါက်ရေ(၅)ခေါက်ဖြင့် အ၀တ်အထည်နှင့်လူသုံးကုန်ပစ္စည်းများ
စားနပ်ရိက္ခာနှင့် ဆေးဝါးမျိုးတို့စုံကို လည်းကောင်း ပေးပို့ခဲ့သည်။
ထို့ပြင် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းမှ
ကလေးမြို့နှင့် စစ်တွေမြို့များသို့ ရေဘေးကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနိုင်ရန်
အတွက် ယခင်ခရီးစဉ် (Flight Schedule)များ အပြင် အထူးခရီးစဉ်များကို ATR-72 လေယာဉ်ဖြင့် မန္တလေး-ကလေး-မန္တလေး ခရီးစဉ်အား
သြဂုတ် ၆ ရက်တွင် (၃) ခေါက်နှင့် သြဂုတ် ၇
ရက်တွင် (၁) ခေါက် ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်-စစ်တွေ-ရန်ကုန် ခရီးစဉ်အား ATR-72,
Embraer 190 လေယာဉ်များဖြင့် သြဂုတ် ၈ရက်တွင်
(၂) ခေါက်နှင့် သြဂုတ် ၉ ရက်တွင် (၁) ခေါက်ထပ်တိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment