Friday, August 28, 2015

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ထိုင်းနိုင်ငံမှ ဆေးဝန်ထမ်းအဖွဲ့ရောက်ရှိ

ရန်ကုန် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ရေဘေးသင့်ပြည်သူများကို ကျန်း မာရေးစောင့်ရှောက်မှုပေးရန် ထိုင်း နိုင်ငံမှ ဆေးဝန်ထမ်းအဖွဲ့သည် ဆေး ဘက်ဆိုင်ရာ ပစ္စည်းများနှင့်အတူ ထိုင်းဘုရင့်လေတပ်မတော်လေယာဉ် ဖြင့် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ် တွင် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် သို့ရောက်ရှိလာသည်။

ထိုသို့ရောက်ရှိလာမှုနှင့် ပတ် သက်၍ ထိုင်းသံရုံးယာယီတာဝန်ခံ ချိုင်းနရုံးကီရတိယု(တ်)ဝုန်က ''မြန်မာ နိုင်ငံက ရေဘေးသင့်ပြည်သူတွေ အတွက် ထိုင်းနိုင်ငံအနေနဲ့ အမေ ရိကန်ဒေါ်လာ နှစ်သန်းကျော် တန်ဖိုး ရှိတဲ့ အစားအသောက်၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ထောက် ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာ ရေးဝန်ကြီးဌာနနဲ့အတူ ဆေးဝါး ကုသမှုတွေ ပေးနိုင်ဖို့ ဆေးဝန်ထမ်း ၅၁ ဦးပါဝင်တဲ့ အဖွဲ့ကို စေလွှတ်ခဲ့ ရတာပါ'' ဟုပြောသည်။
အဆိုပါဆေးဝန်ထမ်းအဖွဲ့တွင် ဆေးပညာပါရဂူ၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုပါရဂူ၊ ဆေးဝါးကျွမ်း ကျင်ပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ တို့နှင့် ဆေးဘက်ဆိုင်ရာ အထောက် အကူပြုအဖွဲ့တို့ပါဝင်ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်အတူ ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေး မျက်နှာ၊ ကြံခင်း၊ အင်္ဂပူ၊ မြန်အောင် မြို့နယ်များအတွင်း၌ အဖွဲ့နှစ်ဖွဲ့ဖြင့် နေရာ ၁၄ နေရာကို ကွင်းဆင်း၍ ခုနစ်ရက်ကြာ ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနဲ့ ထိုင်းနိုင်ငံတို့က ကျန်းမာရေးကိစ္စတွေမှာ ပူးပေါင်းဆောင် ရွက်မှုတွေ အများကြီးရှိပါတယ်။ နာဂစ်တုန်းကလည်း ထိုင်းနိုင်ငံက ဆေးအဖွဲ့တွေလာ ကူညီခဲ့တယ်။ အခုလို ရေနစ်မြုပ်မှုဖြစ်တဲ့အခါမှာ လည်း ထိုင်းအစိုးရရဲ့ ကမ်းလှမ်းမှုအရ ဆေးအဖွဲ့တွေရောက်ရှိလာတာ ပါ။ ထိုင်းဆေးအဖွဲ့တွေနဲ့အတူ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက လည်း ရွေးချယ်ထားတဲ့ နယ်မြေ ဒေသတွေမှာ ဆေးကုသမှုအပိုင်းတွေ အပြင် ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာပါ''ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာန (ကူး/စက်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က ပြောသည်။
ယင်းသို့ ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့်အတူ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့က ရေဘေးသင့်ဒေသများ ကို ကြိုတင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်၍ ဒေသရွေးချယ်မှုများ ကို ပြုလုပ်ခဲ့ရကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ

ဇော်ကြီး (ပဏီတ)

No comments:

Post a Comment