မန္တလေး သြဂုတ် ၁၁
(၇) ကြိမ်မြောက် အရှေ့တောင်အာရှဒေသဆိုင်ရာ ဆေးယဉ်ပါးတီဘီ အကြံပေးကော်မတီ အစည်းအဝေး
(Seventh Meeting of the SEA Regional Advisory Committee on MDR-TB WHO/SEARO,Mandalay,
Myanmar) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၉နာရီက မန္တလေးမြို့ဆီဒိုးနားဟိုတယ်တွင်ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဝင်းလှိုင်က
အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်၊၊
ထို့နောက် တက်ရောက်ကြသည့် အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီဝင် ဆရာဝန်ကြီးများ၊
တာဝန်ရှိသူများက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ တက်ရောက်လာသူများမှ မိတ်ဆက်ခြင်း၊
(၆)ကြိမ်မြောက် ဆေးယဉ်ပါးတီဘီရောဂါ တိုက်ဖျက်ရေး အကြံပေးကော်မတီ အစီရင်ခံစာကို အတည်ပြုခြင်း၊
ကွင်းဆင်း တွေ့ရှိချက်များကို ဆေွးနွေးခြင်း၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဆေးယဉ်ပါးတီဘီ
တိုက်ဖျက်ရေးနှင့် ပတ်သတ်သော စိန်ခေါ် မှုများနှင့် အခွင့်အလမ်းများ၊ ဆေးယဉ်ပါးတီဘီရောဂါ
တိုက်ဖျက်ရေးနှင့် ပတ်သတ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ
ထိုင်းနိုင်ငံ၊ အင်ဒိုနီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆေးယဉ်ပါးတီဘီ တိုက်ဖျက်ရေး
လုပ်ငန်းများနှင့် ပတ်သတ်၍ ဆန်းစစ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ဆေးယဉ်ပါးတီဘီရောဂါ
တိုက်ဖျက်ရေးနှင့် ပတ်သတ်၍ ဆန်းစစ်သည့် အစီရင်ခံစာအပေါ် ဆွေးနွေးခြင်း၊ ၂၀၁၅ ခုနှစ်
ဧပြီတွင် ကျင်းပပြုလုပ်ခဲ့သော GLI/GDI အစည်းအဝေးများ၏ အစီရင်ခံစာအပေါ် တင်ပြခြင်း၊ တီဘီ
ဆေးအသစ်များနှင့် MDR-TB ကုထုံးအသစ်နှင့် ပတ်သတ်၍ ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်သည့်စနစ်အား
တင်ပြခြင်းနှင့် လူတိုင်းဆေးယဉ်ပါးတီဘီ ကုသရေးဌာနများသို့ လက်လှမ်းမှီစေရေး၊ ဆေးယဉ်ပါးတီဘီရောဂါ
ကုသမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွှက်နိုင်ရန် ပံ့ပိုးပေးမှုများ ရှေ့လုပ်ငန်းစဉ်
များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


No comments:
Post a Comment