နေပြည်တော် သြဂုတ် ၁၁
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူသည် သြဂုတ် ၁၀ ရက်တွင် ပုဂံယဉ်ကျေးမှု
နယ်မြေအတွင်းရှိ ရှေးဟောင်းစေတီပုထိုးများ၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု အခြေအနေကို
လည်းကောင်း၊ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း
ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရှေးဟောင်းအဆောက်အအုံ အမှတ်(၁၇၅၂)သို့ သွားရောက်ပြီး ပြိုကျပျက်စီးမှု
အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ခရိုင်အထွေထွေ
အုပ်ချုပ်ရေးမှူး တို့သည် ရှေးဟောင်း အဆောက်အအုံအမှတ်(၁၇၅၂)ပျက်စီးမှုအခြေအနေကို ထပ်မံ၍
အသေးစိတ် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ပြိုကျပျက်စီးနေသည့် အစိတ်အပိုင်း၊ သဲ၊
ခဲ၊ အုတ်ကျိုးများကို စနစ်တကျ ရှင်းလင်းဖယ်ရှားထားရန်နှင့် ယခုစေတီသည် ၂၀၀၃ ခုနှစ်က
ပုဂ္ဂလိက စေတနာရှင်များ၏ ဘုရားတည်ဆောက် လှူဒါန်းလိုမှုကို လက်ခံရာမှ ပုဂ္ဂလိက တည်ဆောက်လိုသူတို့ကို
ကန်ထရိုက်လွှဲသဖြင့် နည်းပညာအားနည်းမှုများဖြစ်သည်ကို တွေ့ရပြီး ဖြစ်ကြောင်း ယခုလိုမိုးဆက်လက်ရွာနေပါက
အလားတူ အားနည်းဖြစ်စဉ်မျိုး ဖြစ်လာနိုင်ပါသဖြင့် တန်ခိုးကြီး အထင်ကရစေတီများ၊ လိုဏ်ဂူဘုရားကြီးများ၏
မိုးရေအန္တရာယ် လုံခြုံမှုကို လိုက်လံ စစ်ဆေးရန်လိုကြောင်း
ဇုန်တာဝန်ခံအား မှာကြားသည်။
မိုးရေကြောင့် စွတ်စိုမှုများသည် ရေပိတ်လွှာနှင့် ရေထွက်ပေါက် အားနည်းသည့် စေတီကြီးများ၊
လိုဏ်ဂူဘုရားများအတွင်းသို့ အများပြည်သူဝင်ထွက်နေခြင်းကို ဂေါပကအဖွဲ့နှင့် ဝိုင်းဝန်းထိန်းသိမ်းရန်နှင့်
ဘုရားပုထိုးပေါ်သို့ အများပြည်သူတက်ရောက်ခြင်း မပြုရန် မှာကြားသည်။


No comments:
Post a Comment