ညောင်တုန်း သြဂုတ် ၁၁
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန် ဦးဆောင် သော အဖွဲ့သည်
ယမန်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သဲအင်းဂူဝိပဿနာကျောင်း၌
ရေဘေးသင့် ပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး
သဲအင်းဂူကျောင်းတိုက်ဆရာတော်အား ငွေကျပ်သိန်း ၅၀လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက်
ငွေကျပ် ၁၀သိန်းနှင့် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးဝါးစသည့် ငွေကျပ် ၁၀သိန်း တန်ဖိုးရှိ
ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)


No comments:
Post a Comment