မောင်တော သြဂုတ် ၈
မောင်တောခရိုင်တွင်
ဇူလိုင်လ(၂၉)ရက်နှင့် (၃၀)ရက်နေ့များတွင် တိုက်ခတ်သော လေမုန် တိုင်းကြောင့် ပျက်စီးမှုများအား
တာဝန်ရှိသူများ၊ ခရိုင်လမ်းဦးဌာနမှ ၀န်ထမ်းများ၊ ခရိုင်လျပ်စစ် အင်ဂျင်နီယာ ၀န်ထမ်းများ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများနှင့် စည်ပင်သာယာဝန်ထမ်းများမှ
သြဂုတ်လ(၁)ရက်နေ့မှစပြီး သစ်ပင်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓါတ်မီးတိုင်များ ပြန်လည်စိုက်ထူခြင်း၊
မြို့တွင်း သန့်ရှင်းရေး များ ဆောင်ရွက် လျက် ရှိပါသည်။
မောင်တောမြို့နယ်နှင့်
ဘူသီးတောင်မြို့သို့ သွားလာသည့် မေယုတောင်ကျော်လမ်းတွင် မိုင်တိုင် အမှတ်(၇)/(၈)ရှိ
ကားလမ်း မြေပြိုကျမှုအား ခရိုင်နှင့်မြို့နယ် လမ်းဦးစီးဌာနမှ ဘတ်ဖိုး(၂)စီးဖြင့် တူးဖေါ်ဆောင်ရွက်လျက်
ရှိပါသည်။
မောင်တောမြို့ပေါ်တွင်
ဓါတ်မီးတိုင်(၁၇)တိုင် ပြိုလဲကျိုးပျက်မှုများအား မောင်တောခရိုင် လျှပ်စစ် အင်ဂျင်နီယာဦးကြည်ဝင်းနှင့် ၀န်ထမ်းများနှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်မှ လျှပ်စစ်
ဝန်ထမ်းများပါ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ(၆)ရက်နေ့တွင် မြို့တ၀က်ကို လျှပ်စစ်မီးများ
ပြန်လည်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်များကိုလည်း အမြန်ဆုံး လျှပ်စစ်မီးလင်းရေး
အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



No comments:
Post a Comment