Saturday, August 8, 2015

သဘာဝဘေးအန္တရာယ်အတွက် ကျိုင်းတုံမြို့၌ ပဉ္စမနေ့ထိ အလှူငွေသိန်းနှစ်ရာကျော်ရရှိပြီးဖြစ်




ကျိုင်းတုံ သြဂုတ် ၈

နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးဒဏ် ကျရောက်လျက်ရှိသောဒေသများအတွက် ကူညီထောက်ပံ့ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ သဘာဝဘေးသင့်ဒေသများအား ကူညီ ထောက်ပံ့ရေး ကော်မတီကို သြဂုတ် ၂ ရက်နေ့ကဖွဲ့စည်းခဲ့ပြီး မြို့မဈေးတွင် အလှူခံဌာန ဖွင့်လှစ်ခဲ့ပါသည်။


ယမန်နေ့သြဂုတ် ၇ ရက်နေ့တွင် ၂၈၃၁၅၀၀ ကျပ်၊ ယနေ့သြဂုတ် ၈ ရက်နေ့တွင် ကျိုင်းတုံမြို့ တရုတ်ဗုဒ္ဓ ဘာသာ ဘုရားကျောင်းမှ ၁၀သိန်း၊ ဦးအောင်ခင် နဂါးနှစ်ကောင်သတ္တုကုမ္ပဏီမှ ၅သိန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၁ သိန်း၊ မြို့နယ် စစ်မှုထမ်းဟောင်းမှ ၁ သိန်း အပါအင်ဒေသခံပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသော ပြည်သူများ မှထည့်ဝင်လှူဒါန်းငွေ ၃၂၅၂၀၀၀ ကျပ်နှင့် အ၀တ် အထည် (၂၂)ထုပ်၊ လှူဒါန်းရရှိရာ ယနေ့ထိ အလှူခံရရှိ ငွေစုစုပေါင်းမှာ ၂၁၄၈၈၀၀၀ ကျပ် ရရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်

ဓာတ်ပုံ လော်ဂူး

No comments:

Post a Comment