Tuesday, August 11, 2015

ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက်ဆွေးနွေး


နေပြည်တော် သြဂုတ် ၁၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်သည် သြဂုတ် (၁၀)ရက် နံနက် (၁၁)နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ သံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားအဆိုပါဝန်ကြီးရုံး၊ မေခလာ ခန်းမ၌ လက်ခံတွေ့ဆုံ ပါသည်။


ယင်းသို့တွေ့ဆုံရာတွင်  ဇွန်၊ ဇူလိုင်လများအတွင်း ဖြစ်ပေါ်လျက် ရှိသော ရေကြီးရေလျှံမှု များကြောင့် ဘေးသင့်ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးနိုင်မှုများ၊ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ၊ အရေးပေါ်ကယ်ဆယ်ရေး အတွက် ဆောင်ရွက်နိုင်မှု အ‌ခြေအနေများနှင့် ပြန်လည် ထူထောင်ရေး အတွက် လိုအပ်မှုအ‌ခြေအနေများ၊ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများ၏ အွခေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှ အရေးပေါ်ကူညီပေးမှုများ၊ မကြာမီ ဖွင့်လှစ်မည့် မြန်မာနိုင်ငံရှိ တစ်ခုတည်းသော ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း (Disaster Management Training Center) အတွက် သင်တန်းနည်းပြဆရာများ၊ နည်းပညာနှင့် အကူအညီ ပေးနိုင်မှုများ၊ ရေကြီးရေလျှံမှုပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ကိစ္စများအတွက် အကူအညီ ပေးနိုင်မှုများ၊ သဘာဝဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်းအပါအဝင် လုပ်ငန်းစဉ် (၈)ခုပါ မြန်မာနိုင်ငံလူမှု ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်နှင့် စပ်လျဉ်း၍ အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


အဆိုပါ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ 

No comments:

Post a Comment