Tuesday, August 11, 2015

ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အကူအညီပေးရန်အတွက် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ " ဇက်-၁၀၈ " ရေယာဉ်အား ကလေးဝမြို့သို့ စေလွှတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ မော်တော်ယာဉ်နှင့် ကုန်စည်များသယ်ယူပို့ဆောင်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ချင်းတွင်းဌာနခွဲမှ ဇက်-၁၀၈ ရေယာဉ်အား ရေယာဉ်ဝန်ထမ်း (၁၃)ဦးလိုက်ပါ၍ သြဂုတ်(၈)ရက်  နံနက်(၁၁) နာရီတွင် မုံရွာမြို့မှ ကလေးဝမြို့သို့   ထွက်ခွာ လျက်ရှိပါကြောင်း အများပြည်သူသို့ အသိပေးအပ် ပါသည်။


ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

No comments:

Post a Comment