ကန့်ဘလူ
သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊
ကန့်ဘလူမြို့နယ်တွင် ဇူလိုင်လ လယ်နောက်ပိုင်း မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့်
လမ်းတံတားများ ရေ တိုက်စားခဲ့၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ဒေသတွင်း လမ်းပန်း
ဆက် သွယ်ရေး ပြတ်တောက်မှုမရှိစေရန် ကန့်ဘလူမြို့နယ် လမ်းဦးစီးဌာနက ယင်းပျက်စီးသွားသော
လမ်း၊ တံတားများကို ဒေသခံ ပြည်သူများလွယ်ကူစွာ သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက် ပြီးစီးကြောင်း
သိရသည်။
ရွှေဘို_မြစ်ကြီးနား ကားလမ်း၊
စံပါယ်နံ့သာ-ကန့်ဘလူ-ကျွန်းလှလမ်း၊ မလယ်-ယမနေ-ဇီးကုန်း-ကာဘိုးလမ်း တို့တွင် တံတားနှစ်စင်း
ရေကျော် တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့မှုနှင့် တံတား ၁၀ စင်း၏ချဉ်းကပ်မြေသား၊
တာဘောင်များရေ တိုက်စား ပျက်စီးခဲ့၍ ၎င်းတို့ကို ပြုပြင်ဆောင်ရွက် ပြီးစီးကြောင်း မြို့နယ်လမ်း
ဦးစီးဌာန AE ဦးရဲထွဋ်အောင် ထံမှ သိရသည်။
ထို့ပြင် မိုးအဆက်မပြတ် ရွာသွန်းရက်များအတွင်း
ယာဉ်များသွားလာမှု များပြားသောရွှေဘို_မြစ်ကြီးနား ကားလမ်းတွင် ယာဉ်များ တိမ်းးရှောင်ရာမှ
လမ်းပခုံးမြေသား နိမ့်ကျွံနေသော ဇင်းရွာနှင့် ပန်းကုန်းသာ အပိုင်း များတွင်လည်း အမာခံလမ်းပခုံးသားများ
ပြုပြင်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)



No comments:
Post a Comment