Sunday, August 9, 2015

ရေဘေးရှောင်ပြည်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်




ချောက် သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ ရပ်ကွက် ကျေးရွာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများသည်
ရေဘေးရှောင် ယာယီ စခန်းများ သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ ရေဘေးရှောင်ပြည်သူများနေထိုင်ရာ ယာယီ စခန်းများ သို့ ချောက်မြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများမှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ရုပ်မြင်သံကြား ပြသပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲများကို ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ချောက်(ပြန်/ဆက်)

No comments:

Post a Comment