ကနီ၊ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေ၀င်ရောက်သည့် ရေဘေးသင့် ကျေးရွာများအတွက် စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်
သီတဂူဆရာတော်ကြီးနှင့် သီတဂူသာ သနာပြုအဖွဲ့မှ ဆန်၊ အ၀တ်အထည်နှင့် ဆေးပစ္စည်းများကို
လှူဒါန်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
သီတဂူသာသနာပြုအဖွဲ့မှ ဆန်အိတ်(၂၀၀)အိတ်၊
အ၀တ်အထည်အိတ်(၃၀)အိတ်၊ ခေါက်ဆွဲဂျပ်ဖာ (၅၀)ဖာ၊ ဆား(၅)အိတ်၊ ဆီပုံး(၅)ပုံးနှင့် ရေသန့်ဖာ(၁၀၀)ကိုကနီမြို့
မင်းကျောင်းတိုက် ဆရာတော် ဦဥက္ကံသမှ သီတဂူသာသနာပြုအဖွဲ့ ကိုယ်စားမြို့နယ် ရေဘေးကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချ ထားရေး ကော်မတီသို့ လွဲပြောင်းလှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီတဂူသာသနာပြုအဖွဲ့မှ ဆန်၊ အ၀တ်အထည်နှင့် ဆေးပစ္စည်းများကို မြို့နယ်ရေဘေး
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီမှ ကျေးရွာများသို့အရောက် စက်လှေများဖြင့်
ဆက်လက် လှူဒါန်း ထောက်ပံ့ ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကနီ ပြန်/ဆက်

No comments:
Post a Comment