ယင်းမာပင်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ရေဘေးကျေးရွာများတွင်
ချင်းတွင်းမြစ်ရေး ဩဂုတ် ၅ ရက် နေလယ်ပိုင်းက စိုးရိမ်ရေအမှတ် အောက်အထိ ပြန်လည်ကျဆင်း
ခဲ့သောကြောင့် ဒေသခံရေဘေးပြည်သူများအတွက် အစဉ်အလေးထားကာ ယင်းမာပင်ခရိုင်သဘာဝဘေး အန္တရာယ်
ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးဇော်မျိုးညွှန့်၏ အနီးကပ်လမ်းညွှန်မှုဖြင့် ယင်းမာပင်မြို့နယ်
သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ဝေးရပ်နီးမှ
လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင်မိဘပြည်သူများ၊ သက်ဆိုင်သည့် ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့်
ကျေးရွာ လူငယ်များစုပေါင်းပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ကျန်းမာရေးစောင့် ရှောက်မှုများ၊
ကယ်ဆယ်ရေးစခန်းများမှ ပြန်လည်နေထိုင်ရေး အတွက်လိုအပ်သော ထူထောင်ရေးလုပ်ငန်း များကို
အဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးကျေးရွာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဩဂုတ်လ
၅ ရက်နေ့မှစတင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဟန်၊ ယင်းမာပင်မြို့နယ်သဘာဝဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးစိုးဝင်း နှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ
ကျောက်မှော် ကျေးရွာအုပ်စုမှ နှောပင်ကျေးရွာ အိမ်ထောင်စု (၈၀)အား ဆန်(၁၀)အိတ်၊ ရေသန့်(၁၁)ကဒ်၊
ဆေးဝါး ပစ္စည်း (၅၀၀၀ဝိ/-)ဖိုးခန့်ကိုလည်းကောင်း၊ မြန်မာယန်စီကော့ပါး ကုမ္ပဏီ လီမိတက်တာဝန်ခံ
ဦးမြင့်ကြည်က ဘိန်းနွယ်ချောင ကျေးရွာ အိမ်ထောင်စု(၃၆၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင်
ဆန်(၇)ပြည်၊ ဆီ(၁)လီတာ (၁)ဗူး၊ ယမ်ယမ်(၃)ထုတ်၊ ငါးသေတ္တာ(၁)ဗူး၊ ရွှေကျီးမုန်ထုတ် (၂)ထုတ်တို့ကိုလည်းကောင်း
အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း နေ့ညမပျက် ကာကွယ်ကုသပေးလျှက်
ရှိသည်။
ဆက်လက်ပြီး ဩဂုတ် ၆ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ယင်းမာပင်မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်း စုန်းချောင်းအုပ်စု
၊ စေသူ ကျေးရွာနှင့် သံဘိုကျေးရွာတို့မှ အိမ်ထောင်စု(၁၀၀)အား တစ်အိမ်ထောင်လျင် ဆန်း(၂)ပြည်နှုန်း
ထောက်ပံ့ ပေးအပ်ကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ပေးခဲ့သည်။
အလားတူ မြို့နယ်အတွင်းရှိ နုံးကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ စေသူကျေးရွာနှင့်
သံဘိုကျေးရွာတို့မှ အိမ်ထောင်စု စုစုပေါင်း(၄၃၅)စု အတွက် ထောက်ပံ့ရေးပစ္စည်းများအဖြစ် ဆန်(၇၄)အိတ်၊ ရေသန့်(၁၂၃၀) ဗူး၊ ဆီ(၃၅)ဗူး၊ ပဲနီ(၂၁)အိတ်၊
ကြက်ဥ(၅၀၀)လုံး၊ ယမ်ယမ်(၉၆၀)ထုတ်၊ ဆပ်ပြာမှုန့်(၄၀)ထုတ်၊ ကျားဝတ် (၂၀၀)၊ မဝတ်(၂၀၀)နှင့်
ဖားအံ မြို့မှ အလှူရှင်တစ်ဦးမှ ငွေကျပ်(၅)သိန်းကို လည်းကောင်း သက်ဆိုင်ရာ ကျေးရွာများသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်
ဦးစီးပြီးရေဘေးကျေးရွာများမှ မိဘပြည်သူ များအား လှည့်လည်ကြည့်ရှု အားပေးကာမြို့နယ်တာဝန်ရှိသူများနှင့်
မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ယင်းမာပင် အ.ထ.က၊ မြို့သစ်ကျေးရွာ၊ ရွှေပန်းခိုင်ကျေးရွာနှင့်
ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဩဂုတ် ၇ ရက် နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအဖြစ်
ချင်းတွင်း မြစ်ရေသည် ရေဝင်ကျေးရွာများအတွင်း ဝင်ရောက်နေမှုများမှာ လုံးဝမရှိသောကြောင့်
စုန်းချောင်း၊ ဘိန်းနွယ်ချောင်၊ မြရွှေစည် စသည့်ကျေးရွာများ အတွင်းရှိ စာသင်ကျောင်းများ၊
ဘုန်းကြီးကျောင်းများ၊ လမ်း များ၊ တံတားများ၊ လူနေအိမ်များတွင် တင်ကျန်ရစ်သော နုံးမြေများ၊
အမှိုက်များအား ယင်းမာပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၏
စီစဉ်ညွှန်ကြားမှုဖြင့် မြို့နယ်ထွေ/အုပ်၊ မြို့နယ်
မီးသတ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက
ကျေးရွာပြည်သူ များနှင့်ပူးပေါင်းကာ သန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်ပေးသည့်အပြင် ရေတွင်းရေကန်များအတွင်းသို့ ဝင်ရောက်သော အမှိုက်များကို ရှင်းလင်းစေပြီး
သန့်ရှင်သောသောက်သုံးရေများအဖြစ် ပြန်လည်သောက်သုံး နိုင်ရန် ရေသန့်ဆေးရည်များခတ်ပေးခြင်း၊
ဝမ်းပျက်/ဝမ်းလျော ရောဂါမဖြစ်ပွားစေရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ပေးခြင်းနှင့်
အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေ ဝင်ရောက်သည့် ရေဘေးကြောင့် ယာယီပိတ်ထားသော
ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဩဂုတ်လ(၆)ရက်မှစတင်ပြီး ကန်ချောင်ကျေးရွာ အလကခွဲကျောင်း၊
မြရွှေစည်၊ မြပင်စည်၊ လက်ခုပ်ပင်နှင့် ကျေးစာကျ စသည့် ကျေးရွာများမှ အမကကျောင်းများကို
လည်း ကောင်း ဩဂုတ် ၇ ရက်နေ့တွင် ကျောက်မှော်ကျေးရွာ
အထက စုစုပေါင်းကျောင်း (၆)ကျောင်းကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ကျန်ရှိသော
စုန်းချောင်းကျေးရွာ အထက၊ စုန်းကျင်း ကျေးရွာနှင့် ဘိန်းနွယ်ချောင် ကျေးရွာမှ အလကခွဲကျောင်း၊
စေသူကျေးရွာနှင့် သံဘိုကျေးရွာတို့မှ အမက ကျောင်းများ စုစုပေါင်းကျောင်း (၆)ကျောင်းကို
လာမည့် ၉ ရက်အတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူက ပြောသည်။
ယင်းမာပင် ပြန်/ဆက်



No comments:
Post a Comment