နေပြည်တော် သြဂုတ် ၇
မြန်မာ့မီးရထား တိုင်းအမှတ်(၉)၊ ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊
ဒါးက- ဂုံမင်း ကြား မိုင်(၁၆၆/၁၄-၁၈)နှင့် (၁၆၈/၅-၉)တို့တွင် သံလမ်းပေါ်သို့ ၉ လက်မခန့်
ရေကျော် ခြင်းနှင့် ဒါးက-ဘဲဂရက် ဘူတာကြား မိုင်(၁၇၁/၃-၆)တွင် သံလမ်းပေါ်သို့ ၇ လက်မခန့်
ရေကျော်ခြင်းများကြောင့် ဒါးက-ဂုံမင်းရထားလမ်းပိုင်းအား ၆.၈.၂၀၁၅ ရက်နေ့ (၁၀း၀၆) နာရီတွင်လည်းကောင်း၊
ဒါးက- ဘဲဂရက် ရထားလမ်းပိုင်းအား ၎င်းနေ့ (၁၅း၃၀)နာရီတွင်
လည်းကောင်း အသီးသီးပိတ်ထားခဲ့ ပါသည်။
လမ်းပိုင်းပိတ်ထားစဉ်အတွင်း ပုသိမ်-ဟင်္သာတ-ကြံခင်း
ပြေးဆွဲသော အမှတ်(၁၈၁) အဆန်နှင့် (၁၈၂)အစုန်ရထားများကို ဟင်္သာတ-ကြံခင်း-ဟင်္သာတ ခရီးစဉ်အဖြစ်
၇.၈.၂၀၁၅ ရက်နေ့မှစ၍ နေ့စဉ် ပြေးဆွဲမည်ဖြစ်ပြီး အမှတ်(၁၈၅) အဆန်နှင့် (၁၈၆) အစုန်ရထားများကို
ကြံခင်း-အသုတ် ခရီးစဉ်အဖြစ် ရက်ခြား ပြေးဆွဲမည် ဖြစ်ပါသည်။ ထို့နည်းတူစွာ ပုသိမ်-ဟင်္သာတ
ပြေး ဆွဲသော အမှတ်(၁၈၇) အဆန်နှင့် (၁၈၈) အစုန် ရထားများကို ဟင်္သာတ - အသုတ် - ဟင်္သာတ ခရီးစဉ်အဖြစ်
နေ့စဉ်ပြေးဆွဲမည် ဖြစ်ကြောင်း သိရှိရပါ သည်။
မြန်မာ့မီးရထား တိုင်းအမှတ်(၂) ရွာထောင်- ချောင်းဦး လမ်းပိုင်း၊
ညောင်ပင်ဝန်း- ငတရော် ဘူတာကြား မိုင်(၄၁၃/၁၆-၁၇) ရှိ တံတားအမှတ် (၃၄)တွင် ဖားထပ်ခွေခြင်း၊
သံလမ်းသံဘောင်ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါ၍ အဆိုပါ လမ်းပိုင်းအား
၆.၈.၂၀၁၅ ရက်နေ့ (၁၇း၂၀)နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ မန္တလေး-မုံရွာသို့ အမှတ်(၁၂၃)
အဆန် နှင့် (၁၂၄) အစုန်ရထားများသည်လည်းကောင်း၊ မန္တလေး-ပခုက္ကူသို့ အမှတ် (၁၃၅) အဆန်
နှင့် (၁၃၆)အစုန် ရထားများသည်လည်းကောင်း၊ ၇.၈.၂၀၁၅ ရက်နေ့မှစ၍ မူလ ခရီးစဉ်များအတိုင်း
ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
No comments:
Post a Comment