နေပြည်တော် သြဂုတ် ၇
ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ပြည်ထောင်စု
ဝန်ကြီးများ ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ
ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ၀န်ကြီးများ ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင်
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကာ
ရေဘေးသင့်ပြည်သူများ အား တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဘူးသီးတောင်မြို့သို့
ရောက်ရှိပြီး အောင်မြေ ဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်း၌ ဒေသခံပြည် သူများနှင့်
တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ ကူညီဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ကယ်ဆယ်ရေး၊
ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရေဘေးသင့်ပြည်သူများအတွက်
ထောက်ပံ့ ပစ္စည်းများပေးအပ်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းနှီးစွာ
နှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် နယ်မြေခံတပ်ရင်းခန်းမ၌
ဘူးသီးတောင် မြို့နယ်မှ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု
ကော်မတီဝင် များနှင့် တွေ့ဆုံ၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လူသားချင်း
စာနာထောက်ထားမှု၊ မျိုးချစ်စိတ်၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ရန်
လိုအပ်ပုံများကို ရှင်းလင်းဆွေးနွေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရသေ့တောင်မြို့သို့ရောက်ရှိပြီး
မြို့တွင်း သို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး ကာ ဒေသခံပြည်သူများအား ရင်းနှီးစွာ
နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် ရသေ့တောင်မြို့နယ်
မေယုခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ပြည် သူများအား
ထောက်ပံ့ ပစ္စည်းပေး အပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား
ထောက် ပံ့ကူညီနေမှုအခြေအေ နနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေ အနေတို့ကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အတူ CB
ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ရုပ်ရှင်၊ဂီတအနုပညာရှင်များ က
ရေဘေးသင့်ပြည် သူများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး နိုင်ငံတော်သမ္မတက အခမ်းအနားသို့
တက်ရောက် လာကြသူများ အား ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
ရသေ့တောင်မြို့မှ စစ်တွေ မြို့သို့ ပြန်လည်ရောက် ရှိကြပြီး လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ
လာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)
No comments:
Post a Comment