Friday, August 7, 2015

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါ အချက်များအား ပြည်သူအားလုံး သိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန် နှစ်ဖက်အဖွဲ့သဘောတူညီ




ရန်ကုန် သြဂုတ် ၇
ပြည်ထောင်စု ငြိမ်းချမ်းေ၇း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး ဆိုင်ရာအဆင့်မြှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ ကိုးကြိမ်မြောက် အစည်းအဝေး  ဒုတိယနေ့ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီကရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC ) တွင်ဆက်လက် ပြုလုပ်ခဲ့သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးမစတင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယဥက္ကဌပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက UPWC နှင့် SD တို့၏ ပထမနေ့ဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များသည် NCA စာချုပ်ပါ အချက်များ အား ပြီးပြတ်အောင် ဆွေးနွေးနိုင် ခဲ့ပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် အရေးကြီးသည့် အချက်ဖြစ်သောလက် နက်ကိုင် အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးမည့် All Inclusive ကိစ္စသည် အရေးကြီးကြောင်း၊ မိမိတို့ ဖိတ်ခေါ်ခဲ့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅)ဖွဲ့နှင့်  Bi-lateral ဆွေးနွေးပွဲများ ဆက်တိုက်ဆောင်ရွက်ခဲ့ကြပြီး သဘောတူညီမှု စာချုပ်ပေါင်း(၃၉)ခု ကိုလက်မှတ်ရေး ထိုးထားနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါအဖွဲ့များသည် လက်တွေ့ဆန်ပြီး NCAကိုချက်ခြင်းလိုက် နာဆောင်ရွက်နိုင်မယ့် အဖွဲ့များဖြစ်ကြောင်း၊ မြန်မာပြည်၏ လက်နက်ကိုင် ပဋိပက္ခ များအားဖြေရှင်းရမည့် နိုင်ငံရေးဆွေးနွေး ပွဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူအင်အား စုပေါင်းစုံပါဝင်ဖို့ လိုပါကြောင်း၊ အစိုးရအနေဖြင့် အားလုံးပါဝင်ရေး (All Inclusive)ကို လက်တွေ့ကျသည့် နည်းလမ်းများနှင့် အဖြေရှာချဉ်းကပ်စေလိုကြောင်း၊ မည်သည့်အဆင့်တွင် မည်ကဲ့သို့ပါဝင်လာနိုင် စေမည် ဆိုသည့်အချက် အားထည့် သွင်းစဉ်းစားချဉ်းကပ်မှုဖြင့် သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ သွားရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးရှည်ကြီး တွင် နှစ်ဖက်ရဲ့ ယုံကြည်မှု တည်ဆောက် နိုင်ဖို့အတွက်  သဘောတူညီချက်တွေကို ဘယ်လောက် အတိုင်းအတာအထိအကောင်အထည် ဖော်နိုင်မလဲဆိုတဲ့အပေါ်မှာမူတည်နေကြောင်း၊ ယနေ့ အစည်းအဝေးမှနေ၍ အားလုံးပါဝင်ရေး ဆိုသည့် အချက်အားနည်းလမ်းရှာဖွေကာရလဒ်ကောင်းတွေ ထွက်လာ စေဖို့ ၊ NCA ကိုလက်မှတ်ရေး ထိုး နိုင်ဖို့ အတွက် မိမိတို့ အားလုံးဝိုင်းဝန်းကြိုးစားကြပါစို့ ဟုပြောကြား လိုကြောင်း၊ မကြာမီကာလအတွင်းနေပြည်တော် တွင်ပြုလုပ်ရန် ရည်မှန်းထားသည့် NCA စာချုပ်လက်မှတ် ရေးထိုးပွဲတွင် ပြန်လည်ဆုံတွေ့လက်မှတ်ထိုးနိုင်ကြဖို့ ဆန္ဒပြုရင်းနိဂုံးချုပ် ပါကြောင်း အဖွင့်စကားပြောကြား ခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏တစ်နိုင်ငံလုံးအပစ်အခက် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD) မှ အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်ကပြောကြားရာတွင် ယနေ့ အစည်းအဝေး၏ ဒုတိယနေ့အဖြစ် မိမိတို့ ဆွေးနွေးရမည့် နောက်ဆုံးအချက်အလက်သည် NCA ကိုအချောသတ် ဖြစ်နိုင်ရန် အတွက် အရေးကြီးဆုံးသောအချက်လက် တစ်ခုဖြစ်သည့် အားလုံးပါဝင်ရေး ကိစ္စ၊ NCA လက်မှတ်ထိုး နိုင်ဖို့ အရေးကြီးဆုံးသောအခန်းဖြစ်သည့် အခန်း (၃၃)ကိုဆွေးနွေးမည်ဖြစ်ကြောင်း၊ အဆိုပါအချက်အားအကောင်း ဆုံးရလဒ်တစ်ခုထွက်ပြီးအကောင်းဆုံးဆွေးနွေးညှိနှိုင်းမှုရနိုင်ဖို့ တိုင်းရင်းသားညီလာခံ က ဆုံးဖြတ်ထားသည့် လက်မှတ်ရေးထိုး ရာတွင် အားလုံးပါဝင်ရေးကိစ္စနှင့် အတူတကွ NCA ကိုလက်မှတ်ထိုးနိုင်ဖို့ ဆုံးဖြတ်ချက် ရှိကြောင်း၊ ကျန်ရှိနေသည့် အခန်း (၃၃) ရှေ့ဆက်လက် သွားနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များဘက်က တာဝန်ရှိသလို အစိုးရဘက်ကသာမကပဲ တပ် မတော်ဘက်ကလည်း တာဝန်ရှိပါကြောင်း၊   ယနေ့သည် နောက်ဆုံးအရေးကြီးသည့်ကဏ္ဍဖြစ်ပြီးယခုအခန်း ကဏ္ဍပြီးစီးပါက NCA တစ်ခုလုံးကိုအဆုံးသတ်မှာ ဖြစ်ကြောင်း၊  မိမိတို့ဆွေးနွေးရမည့် အဆိုပါ အချက်များအားအဖြေရှာဆွေးနွေး ပြီးပါက NCA တစ်ခုလုံးကိုအဆုံးသတ်ရမှာ ဖြစ်ကြောင်းပြောကြားသည်။
ယနေ့ပြုလုပ်သောအစည်းအဝေးသည် မွန်းလွဲ (၂) နာရီခွဲတွင် ပြီးဆုံးခဲ့ပြီး အစည်းအဝေးပွဲ အပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းေ၇း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် နှင့်တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခက်ရပ်ဆဲရေးဆိုင်ရာအဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခက် ရပ်ဆဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေးကိုယ် စားလှယ်အဖွဲ့ (SD)တို့မှ ပူးတွဲသတင်းထုတ်ပြန်ချက် တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်အား ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ကျေးလက် လူမှုဘ၀ မြှင့်တင်ရေး၊  ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယဥက္ကဌဦးသိန်းဇော်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ နှစ်ဖက်ခေါင်းဆောင်များဖြစ်ကြသည့် UPWC ၏ ဒုတိယဥက္ကဌ ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် SD ၏ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ဖြစ်သူဒေါက်တာလဂျာတို့က နိဂုံးချုပ်စကားပြောကြားခဲ့ကြသည်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ(NCA) စာချုပ်အချောသပ်နိုင်ရေးအတွက် ယနေ့ပြုလုပ် ကျင်းပခဲ့သည့်(၉) ကြိမ်မြောက်အစည်းအဝေး၌NCAစာချုပ်တွင် ပါရှိသည့် အချက်အလက်များ အနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ၏ ကိစ္စမှအပ NCA စာချုပ်ပါ အချက်အလက်အားလုံးကိုသဘော တူညီနိုင်ခဲ့ကြသည်။ သဘောတူညီမှုရရှိထားသည့် တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်ပါအချက်များ အားပြည် သူများ သိရှိနိုင်ရေးအတွက် ထုတ်ပြန်သွားရန် နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူညီကြသည်။
ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ၏ ကိစ္စနှင့် စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင် များတွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကိုယခုသြဂုတ်လ အတွင်းနေပြည်တော်တွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အစည်းအဝေးပွဲအပြီးတွင်  ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်နှစ်ဖက်ကိုယ်စားလှယ်များ မှ ထည့်သွင်း ပြောကြား ခဲ့ကြသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးအား ကမ္ဘာကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယား နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာစန်ဂေါင်ဇင်းတို့ကလေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ ယင်းအပြင် မြန် မာနိုင်ငံ သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာအထူးအစီရင်ခံ စာတင်သွင်းသူမစ္စရန်ဟီလီ လည်းလာရောက် လေ့လာခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)



No comments:

Post a Comment