Friday, August 7, 2015

ကန့်ဘလူမြို့နယ်ရှိ ကင်းတပ်ဆည် ကျိုးသည်ဆိုသောသတင်း ကောလဟာလဖြစ်

ကန့်ဘလူ သြဂုတ် ၈
စစ်​ကိုင်းတိုင်း​ဒေသကြီး​ ကန့်​ဘလူခရိုင်​၊ ကန့်​ဘလူမြို့နယ်​ရှိ ကင်းတပ်​ဆည်​ကျိုးသည်ဟု ကောလဟာလ သတင်းများ​ကြောင့်​ လူအများ အထိတ်​တလန့်​ ဖြစ်​ခဲ့ရ​ကြောင်း သိရသည်​။

ဖြစ်​စဉ်​အမှန်​မှာ ဇူလိုင်​ ၂၂ ရက်​ နံနက်​ပိုင်းက ကျွန်းလှမြို့နယ်​ရှိ သဖန်းဆိပ်​​ ရေ​လှောင်​တမံ
တွင်​ ယင်း​နေ့​ ရေအမှတ် ​(၅၄၁.၈၅´) ရှိပြီး သို​လှောင်​ပမာဏ (၂၅၆၃၀၀၀) ဧက​ပေသို့​ ရောက်​ရှိ​နေ၍
ထပ်​မံဝင်​​ရောက်​လာမည့်​​ ရေများဖြင့်​ သဖန်းဆိပ်​ ဆည်​အန္တရာယ်​ မဖြစ်​​စေရန်​ သဖန်းဆိပ်​​ ရေ​လှောင်​တမံ​ရေအားလျှပ်​စစ်​ထုတ်​​ပေါက်​မှ ၅၀၀၀ ကျူးဆက်​နှင့်​ ပင်​မ​ရေပိုလွှဲမှ  ၁၆၀၀၀ ကျူးဆက်​ စုစု​ပေါင်း ၂၁၀၀၀
ကျူးဆက်​ကို တိုင်း​ဒေသကြီး ဆည်​​မြောင်း​ဦးစီးဌာန၏ ခွင့်​ပြုချက်​ဖြင့်​ စတင်​​ရေ​လျှော့ချ ထုတ်​လွှတ်ခြင်းဖြစ်​သည်​။
ထို့​ကြောင့်​​ ရွှေဘို၊​ ရေဦး၊ ခင်​ဦး၊ ဝက်​လက်​၊ စစ်​ကိုင်း၊ ကန့်​ဘလူ၊ ဒီပဲယင်း၊ မြင်းမူနှင့်​ တန့်​ဆည်​မြို့နယ်​များမှ မူးမြစ်​ကမ်း​ဘေးရှိ ​ကျေးရွာများအား သဖန်းဆိပ်​ ဆည်​​ရေ​လှောင်​တမံမှ​ ရေ​လျှော့ချ ထုတ်​လွှတ်​မည့်​ အ​ကြောင်း ကို အဆိုပါ မြို့နယ်​များတွင်​ လိုအပ်​သလို စီစဉ်​​ဆောင်​ရွက်​နိင်​ရန်​ ကြိုတင်​အသိ​ပေး အ​ကြောင်းကြားထား​ကြောင်း သိရသည်​။
ကန့်​ဘလူခရိုင်​၊ ကန့်​ဘလူမြို့နယ်​တွင်​ မူးမြစ်​ကမ်း​ဘေးရှိ​ ကျေးရွာများသို့ မြို့နယ်​မှ တာဝန်​ရှိသူများက​ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးများမှတဆင့်​​ ရေလွတ်​ရာသို့​ ရွှေ့ပြောင်းနိုင်​ရန်​ အ​ကြောင်းကြားလျက်​ရှိ​ကြောင်း သိရသည်​။
အောင်​ဝင်းငြိမ်း (ကန့်​ဘလူ)

No comments:

Post a Comment