Friday, August 7, 2015

ပခုက္ကူမြို့နယ် တင်းဂါတ်ကျေးအုပ်စု ကျေးရွာများအား သောက်ရေသန့်နှင့် ဆန်များ သွားရောက်လှူဒါန်း




ပခုက္ကူ သြဂုတ် ၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင်းရှိ မြစ်ရေလျံတက် လာမှုကြောင့် ရေဘေးသင့်လျက် ရှိသော တင်းဂါတ်ကျေးရွာ အုပ်စုမှ ထနောင်းကုန်း၊ ရာကျော်ခုံ၊ လက်ပံခုံကျေးရွာများအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဦး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်ကူပြု ဥက္ကဋ္ဌ ဦးရဲထွဋ်နှင့် ရန်ကုန်မြို့မှ စေတနာ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲတို့က သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက် လှူဒါန်းခဲ့ သည်။

အဆိုပါ ကျေးရွာများတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ဥက္ကဋ္ဌတို့က ရေဘေးသင့် ပြည်သူများအား နှုတ်ဆက်အားပေးစကား ပြောကြားပြီး ကျန်းမာရေး ဆိုင်ရာ အသိပညာများ ပြောကြားခဲ့သည်။
၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ၀န်ထမ်းများက သဘာဝဘေးအန္တရာယ် ကျရောက်စဉ် အဆိပ်ရှိ ပိုးမွှားများ အန္တရာယ်အကြောင်းနှင့် ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေး အကြောင်း တို့ကိုပြောကြား ပေးခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့သည် ရေဘေးသင့်ပြည်သူတို့အား ဆန်အိတ်(၁၀) လုံးနှင့် သောက်ရေသန့် ဗူးကြီး (၁၀)ဗူး၊ ၁လီတာရေသန့်ကဒ်(၁၂၀) တို့အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိ ရသည်။
စိုးလင်းနိုင် (IPRD)

No comments:

Post a Comment