Friday, August 7, 2015

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အလှူခံရရှိထားသော အလှူပစ္စည်းများကို တိုက်ကြီးနှင့် ဥက္ကံမြို့များသို့ စတင်ပေးပို့




နေပြည်တော် သြဂုတ် ၇
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ လှူဒါန်းထားသော ရေသန့် (၂၉) ကဒ်၊ ခေါင်းလျှော်ရည် (၁၀) ဖာ၊ ဆပ်ပြာ မှုန့် (၅၀) ထုပ်၊ အဝတ်ထုပ် (၁၀) တို့ကို သြဂုတ် ၇ ရက်တွင် တိုက်ကြီးမြို့နှင့် ဥက္ကံမြို့များသို့ စတင်ပေး ပို့ကြောင်း သိရသည်။
ကျန်စားသောက်ကုန်များနှင့် တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းရေးသုံး ပစ္စည်း များကို စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကလေးမြို့သို့ လည်းကောင်း၊ ဆန်များကို ရခိုင်ပြည် နယ်ရှိရေဘေးသင့် မြို့နယ်များအတွက်လည်းကောင်း ပေးပို့နိုင်ရန် စီစဉ်လျှက်ရှိ ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးချုပ်တွင် ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ကာ မိတ်ဖက်ကြက်ခြေနီ အသင်းများနှင့် ပူးပေါင်း၍ Emergency Plan of Action ရေးဆွဲလျှက်ရှိပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မှ စေတနာ လုပ်အားရှင်များနှင့် ဝန်ထမ်းအချို့သည် ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် လိုအပ်ချက် များကို သိရှိနိုင်ရန် လေ့လာဆန်း စစ်မှုအဖွဲ့ (၃) ဖွဲ့ကို ကောလင်း၊ စေတုတ္တရာနှင့် ပွင့်ဖြူမြို့များသို့စေလွှတ် ထားကြောင်းသိရသည်။

No comments:

Post a Comment