နေပြည်တော်၊ သြဂုတ် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ တောင်သူပညာပေး
ဧက(၅၀၀) စံပြစိုက်ခင်းသိုလှောင်ရုံများ၌ ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်သမ္မတက
ထောက်ပံ့မည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုပ်ပိုးထားရှိမှုအား
ကြည့်ရှုစစ်ဆေးသည်။
ရေဘေးသင့်ပြည်သူများသို့ ဖြန့်ခွဲပေးပို့မည့် အသင့်ထုပ်ပိုးပြီးပစ္စည်းများမှာ
နေရောင်ခြည်စွမ်းအင်သုံးမီးလုံးများ၊ ဆန်အိတ်များ၊ တာပေါ်လင်အစများ၊ ပီနံအိတ်များ၊ မိုးကာအင်္ကျီများ၊
မြေခင်းအစများ၊ အမျိုးသားဝတ်အင်္ကျီများ၊ လုပ်ငန်းသုံး နှင့်အိမ်သုံးဓါးများ၊ အခင်းဖျာများ၊
ခြုံစောင်များ၊ သွားတိုက်တံ၊သွားတိုက်ဆေးနှင့် ဆပ်ပြာများ၊ ပလပ်စတစ်ရေဘူးခွံများဖြစ်ပြီး
ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများကို ဆက်လက် စုစည်းပြီး စဉ်ဆက်မပြတ် ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)






No comments:
Post a Comment